Section 3

1.7K 216 32
                                    

Unicode

ပထမဆုံး မျက်နှာချင်းဆိုင်အတူထိုင်ဖူးတဲ့
ထမင်းစားပွဲက ဂျယ်ယွန်းရှေ့မှာ အဖြူရောင်
အရည်ပျစ်ပျစ်ဆန်ပြုတ်တစ်ခွက်သာ တည်ရှိနေတယ်။

ပေါ့ရွှတ်ရွှတ် ဆန်ပြုတ်အရသာကို ဂျယ်ယွန်း
တစ်ကယ်မကြိုက်ဘူး ဒါပေမယ့် ဘာတစ်ခွန်းတစ်လေမှမပြောပဲ တစ်ဇွန်းချင်းဆီခပ်ပြီး
သူ့ပါးစပ်ထဲသွင်းနေလိုက်တယ်။

ပူပူနွေးနွေးဆန်ပြုတ်အရသာက လည်ချောင်းကနေတစ်ဆင့် အစာအိမ်ထဲအထိ နွေးသွားစေပြီး
အရင်ကထက်ပိုပြီး လူကနေလို့ကောင်းလာတယ်လို့ခံစားလာရသည်။

ရင်းနှီးတဲ့ဖုန်းနံပါတ်တစ်ခုကို နှိပ်လိုက်တော့
တစ်ဖက်က ခပ်ဟဟရယ်သံတစ်ခုနဲ့
ဖုန်းချက်ချင်းကိုင်လာတယ်။

" ဖျားနေပြီမဟုတ်လား... ဘယ်လိုလဲ
သေချာဂရုစိုက်ပေးရဲ့လား... မနေ့က ကိစ္စကြောင့်
ကျေးဇူးတင်စကားပြောမလို့ဆက်တာဆိုရင်တော့
မလိုပါဘူးကွာ အချင်းချင်းတွေပဲ..."

" သောက်ရူး..."

ဂျယ်ယွန်း တစ်ဖက်ကဆောနူကို ဖိဟောက်ရင်း
ရှေ့က ဖန်ခွက်အလွတ်ထဲ ရေထည့်နေတဲ့ ဆောင်းဟွန်ကိုငေးမိသွားတယ်။

ဆောင်းဟွန်က ရေထည့်ထားတဲ့ ဖန်ခွက်နဲ့ဆေးတစ်ချို့ ဂျယ်ယွန်းဘက် တိုးပေးလာတော့ ဂျယ်ယွန်းမနေတတ််မထိုင်တက်ဖြစ်ပြီးမျက်နှာလွှဲလိုက်ရသည်။

ဘာလို့ ထိုလူက သူ့ကိုလိုက်အာရုံစိုက်နေမှန်းကို
မသိဘူး...တကယ်ပါပဲ...စိတ်ရှုတ်လိုက်တာ...

အဲဒါနဲ့အမြင်မကြည်ဖြစ်မိတဲ့ထိုလူအစား
ဖုန်းထဲက ကင်ဆောနူကို သြဇာသီး ပိတ်ရောင်းလိုက်သည်။

" ငါခနနေရင် ရုံးကို ထွက်လာခဲ့မယ်
အပိုလုပ်ပြီးခွင့်တိုင်ပေးစရာမလိုဘူး "

တစ်ဖက်သတ်ဖုန်းကို ချပစ်ပြီး မတ်တပ်ထရပ်လိုက်တော့ တစ်ခုခုစိတ်မချသလို မော့ကြည့်လာတဲ့ မျက်ဝန်းတွေကြောင့် ဂျယ်ယွန်း မသက်မသာသက်ပြင်းချလိုက်မိတယ်။

ဒီလူ တကယ်ဘာဖြစ်ချင်နေမှန်းမသိတော့ဘူး...

ချထားတဲ့ ဆေးလုံးတွေကို ပါးစပ်ထဲကောက်ထည့်ပြီး ရေတစ်ခွက်လုံးကုန်အောင် တစ်ကျိုက်တည်းကောက်မော့လိုက်မှ အကြည့်တွေက
ပုံမှန်ပြန်ဖြစ်သွားတယ်။

Tell Me Why ( Hiatus )Where stories live. Discover now