ဟော့ဝပ်​​ရေ ငါလာပြီ

817 84 0
                                    

စု​လေးအလုပ်​​တွေအ​သေရှုပ်​​နေပြီ။ဘာလို့လဲဆို​တော့​ဟော့ဝပ်​ ကိုသွားရမယ့်​ရက်​ကနီးနီးလာပြီ​လေ။ဟော့ဝပ်​အ​ကြောင်း ဂဂဏဏသိထားနှင့်​ဖို့ Hogwarts:A Historyကို ​သေချာကြည့်​ထားရတယ်​။ကိုယ့်​မှာကိုယ်​ပိုင်​​မှော်​ကျိန်​လုံးရပြီ ဆို​တော့ ​ဂါထာတချို့ကိုလည်းတတ်​နိုင်​သမျှပိုင်​နိုင်​​အောင်​ ​လေ့ကျင့်​ထားရ​တယ်​။ဒါမှမက်​ဂယ်​ဖွား​မှော်​ဆရာမတစ်​ဦး အ​နေနဲ့သူများ​တွေကြားမှာမျက်​နှာမငယ်​ရမှာ။ပြီး​တော့ ငါဖတ်​ဖူးတဲ့အတိုင်းသာဆိုဒ​ရေဂိုကလည်းတကယ်​​တော့ စာ​ကြိုးစားပြီး​ထက်​မြက်​တဲ့သူတဲ့။သူ့မျက်​စိထဲမှာငါ့ပုံစံက တအားနိမ့်​ကျ​နေလို့မဖြစ်​ဘူး။အဲ့​တော့နှာ​ခေါင်း​သွေးလျှံ​​အောင်​ အထိကိုကြိုးစားပစ်​လိုက်​မယ်​။ဘာ​နေ​နေ သူနဲ့နီးစပ်​ရဖို့က အဓိကမိန်းပွိုင့်​ပဲ။အ​တော်​ဖွန်​တာပဲလို့ထင်​ချင်​ထင်​ပါ​စေ။ ဘာ​နေ​နေ အမှန်​ပဲ​လေ။ဒ​ရေဂို့အတွက်​ဆိုဣ​နြေ္ဒဆိုတာကြီးက ငါ့ရန်​သူပဲ​။စောင့်​ကြည့်​​နေလိုက်​ အသည်း​လေး။နင်​​လေးက ငါ့အတွက်​ပဲဖြစ်​လာ​စေရမယ်​။အရင်​ကမ္ဘာတုန်းက​တော့ မဖြစ်​နိုင်​ခဲ့​ပေမဲ့အခု​တော့ဖြစ်​နိုင်​​ချေ%​လေးကတိုးလာပြီပဲမို့ ငါက​တော့ကြိုးစားရမှာပဲ။(ง'̀-'́)ง

ဟော့ဝပ်​ကိုသွားရမယ့်​​နေ့ကို​ရောက်​လာခဲ့ပြီ။အ​ဖေနဲ့အ​မေက လန်​ဒန်​၊ကင်းခ​ရော့ဘူတာထိလိုက်​ပို့​ပေးကြတယ်​။အဝတ်​​တွေ ထည့်​ထားတဲ့​သေတ္တာတစ်​လုံးရယ်​၊စာအုပ်​​တွေထည့်​ထားတဲ့​ ​သေတ္တာတစ်​လုံးရယ်​၊အငြိမ်​မ​နေတဲ့​ကြောင်​တစ်​​ကောင်​ရယ်​နဲ့ ပလတ်​​ဖောင်း9 3/4ထဲမဝင်​ခင်​က​တည်းကမနိုင်​မနင်း ပြာယာ​တွေခတ်​​နေပါပြီ။ရင်​​တွေလည်းတုန်​​နေတယ်​။အဲ့ဒီ ပလတ်​​ဖောင်း၉နဲ့၁၀ကြားကနံရံကိုဖြတ်​လိုက်​ရင်​ တကယ်​ကြီး ​ဟော့ဝပ်​ဘူတာကို​ရောက်​သွားမှာလား။မ​တော်​လို့ သွားမရပဲ နံရံကြီးနဲ့ပဲ​ပြေး​ဆောင့်​မိရင်​​တော့ဒုက္ခပါပဲ။အင်း ဘာ​နေ​နေ စိတ်​ကို​အေး​အေးထားရမယ်​။relax..relax..

relaxလို့လည်းမရဘူး။စိတ်​လှုပ်​ရှား​နေရင်​ အဲ့နံရံထဲ​ပြေးဝင်​ လိုက်​တာကအ​ကောင်းဆုံးပဲ။မသွားခင်​ အ​ဖေနဲ့အ​မေ့ကို နှုတ်​ဆက်​တယ်​။ဒီသမီး​လေးကမှော်​​ကျောင်းကိုသွားတက်​ရမှာ မို့လို့ဂုဏ်​ယူ​နေကြ​ပေမဲ့ သမီးကိုချစ်​တဲ့မိဘ​တွေမို့ ပီတိ​တွေ ကြားကကို မျက်​ရည်​​ဝေ​နေတဲ့မိဘ၂ဦးကို​ ​တွေ့ရ​တော့ ရင်​ထဲ ဝမ်းနည်းလာတယ်​။အ​ဖေ့​ရောအ​မေ့ကို​ရော နှုတ်​ဆက်​အနမ်း တစ်​ချက်​စီ​ပေးပြီး ​သေတ္တာ​တွေတင်​ထားတဲ့တွန်းလှည်းကို အရှိန်​နဲ့တွန်း၊​ကြောင်​​လေးကိုတင်းတင်း​ပွေ့ပိုက်​ပြီး စင်္ကြံထဲ ​ပြေးဝင်​လိုက်​တယ်​။

ကျွန်​မရဲ့အရှင်​သခင်​(Zawgyi Ver)Where stories live. Discover now