လျှို့ဝှက်​ခန်းမ ၇

524 69 16
                                    

ဒီ​နေ့ ပ​ရော်​ဖက်​ဆာ​လော့ဟတ်​က ပ​ရော်​ဖက်​ဆာစနိပ်​ကို တိုင်​ပင်​(တကယ်​တမ်း​တော့ စိန်​​ခေါ်)ပြီး စ​လေသရင်းနဲ့ ဂရစ်​ဖင်း​ဒေါကို duelလုပ်​ခိုင်းတယ်​တဲ့။စိတ်​ပျက်​လက်​ပျက်​ ဒရွတ်​တိုက်​လိုက်​လာရ​ပေမဲ့ ဒ​ရေဂိုနဲ့​တွေ့ရမယ်​ဆိုတဲ့​ ​မျှော်​လင့်​ချက်​​လေးက​တော့ရှိ​နေ​သေးတယ်​။Duelခန်းထဲ ဝင်​လိုက်​တာနဲ့ မြင်​လိုက်​ရတာက တကယ့်​အခန်းကျယ်​ကြီး။omg...duel​လေ့ကျင့်​တဲ့အခန်းက ဒီ​လောက်​ခမ်းနားမယ်​ထင်​မထားဘူး။ဇာတ်​ကားထဲကလို အခန်းရှည်​​မျော​မျောကြီးမှာ ခုံကြီးခင်းထားမယ်​ထင်​​နေတာ။ အခု​တော့ တခြားစီပဲ။ဧရာမအခန်းကြီးထဲမှာ စမ်းသပ်​ခံအရုပ်​​ကြီး​တွေ​ရော၊ တစ်​တွဲစီduelလုပ်​လို့ရတဲ့ ​နေရာငယ်​​လေး​တွေ​ရော အများကြီး။ မိုက်​တယ်​။

ထုံးစံအတိုင်း ပ​ရော်​ဖက်​ဆာ​လော့ဟတ်​ကိုယ်​ရည်​​သွေးတယ်​။ ​လေကြီး​လေကျယ်​​ပြောတယ်​။ပ​ရော်​ဖက်​ဆာစနိပ်​နဲ့ duelအစမ်းချပြမယ်​ဆိုပြီး စနိပ်​ရဲ့ Expelliarmusနဲ့တင်​ လွင့်ထွက်​​သွားတာ စိတ်ေ​တာင်​မ​ကောင်းဘူး။နောက်​​တော့ ငါတို့ကို ၂​ယောက်​တစ်​တွဲစီduel​လေ့ကျင့်​ခိုင်းတယ်​။ငါ​လေး​တော့ စ​လေသရင်းက ​ကောင်​မ​လေးတစ်​​ယောက်​နဲ့အတူduelဖို့ ကျတယ်​။ဆံပင်​အနက်​မျက်​လုံးအနက်​နဲ့မတ်​မတ်​ကိတ်​ မက်​လီစန့်​ ဘူးစထရုတ်​နဲ့။ငါစာအုပ်​ထဲကဖတ်​ဖူးသလို ဝဝတုတ်​တုတ်​​ကြောက်​စရာကြီး​တော့မဟုတ်​ပါဘူး။ ခန္ဓာကိုယ်​ပြည့်​ပြည့်​​လေးနဲ့အသားဖြူဖြူ ၊ ကိတ်​ကကိတ်​​သေးတာ။ ခြုံ​ပြောရရင်​သူ့ပုံစံက အ​တော်​ဆွဲ​ဆောင်​မှုရှိတယ်​။

"​ဟေး ငါကဟာမွန်​နီဂရင်းဂျာပါ။တွေ့ရတာဝမ်းသာပါတယ်​၊

"ငါက မက်​လီစန့်​ဘူးစထရုတ်​ပါ။မက်​ဂယ်​ဖွားနဲ့​တွေ့ရတာ သိပ်​​တော့ဝမ်းမသာလှ​ပေမဲ့ နင်​ကတကယ့်​ဥာဏ်​ကြီးရှင်​လို့ သိထားရတယ်​။ငါတို့​ခေတ်​ရဲ့အထက်​မြက်​ဆုံး စုန်းမဆိုပဲ။ ငါလက်​​တွေ့သိချင်​မိပါရဲ့"

အယ်​လယ်​ မက်​လီစန့်​ချိမက အလာကြီးဟ။သူ့ကိုသာ ငါရှုံးသွားရင်​​တော့ သိက္ခာပါကျမယ့်​သ​ဘောရှိတယ်​။

ကျွန်​မရဲ့အရှင်​သခင်​(Zawgyi Ver)Место, где живут истории. Откройте их для себя