အက်​ဇကာဘန်​အကျဉ်းသား ၁

712 98 27
                                    

နွေ​ကျောင်းပိတ်​ရက်​​တွေမှာ ငါဒ​ရေဂိုဆီစာ​တွေတစ်ပတ်တစ်ခါ ​​​ပို့​ပေမဲ့ ပြန်​စာ တစ်​​စောင်​မှကို​ရောက်​မလာခဲ့ဘူး။ အင်း...မထူးဆန်းပါဘူး​လေ။

"သို့ D.L
ငါနင့်​ကိုသတိရတယ်​။နင်​ဘာ​တွေလုပ်​​နေလဲ။ငါ့မိဘ​တွေက ပြင်​သစ်​ကိုသွားရမှာမို့ ငါ့ပါလိုက်​ခဲ့ဖို့​ခေါ်တာနဲ့ လိုက်​သွားဖြစ်​တယ်​။အဲ့ဒီမှာ​နေလို့တကယ်​ကို​ကောင်းတယ်​။ ပြင်​သစ်​မှာက ဗြူဘာတွန်​​မှော်​အတတ်​သင်​​ကျောင်း ရှိတယ်​လို့ ငါဖတ်​ဖူးတယ်​။သူတို့နဲ့ငါတစ်​ခါ​လောက်​​တော့ အပြင်​မှာ​တွေ့ဖူးချင်​​ပေမဲ့ ငါ့မိဘ​တွေက နယ်​​မြေသစ်​မှာမို့ဆိုပြီး ဘယ်​မှမသွားခိုင်းဘူး။ ငါ​လေ နင့်​ဆီက​နေသာ ပြန်​စာ​တွေမရတာ။ Hနဲ့Rဆီကကျ ပြန်​စာ​တွေလည်းရတယ်​။သတင်း​တွေလည်းကြားတယ်​။ Rအ​ဖေ ဦး​လေးA.Wက အ​ကောင်းဆုံးလုပ်​သားဆုအဖြစ်​ ​ရွှေဂယ်​လီယွန်​၆၀၀​တောင်​ရတာတဲ့။အခုသူတို့မိသားစု အီဂျစ်​ကို ​ရောက်​​နေကြတယ်​။ Hက​တော့ သူ့ကို​မွေးစားထားတဲ့ သူ့အ​ဒေါ်​မိသားစုနဲ့ အဆင်​မ​ပြေဖြစ်​​နေတုန်းပဲ။သူ့​မွေး​နေ့မှာ ငါသူ့အတွက်​ အချိန်​လှည့်​စက်​​လေး လက်​​ဆောင်​​ပေးလိုက်​တယ်​။အစ်​ကိုDက ငါ့ကို​ပေးထားတာ။ငါ့အတွက်​အသုံးမဝင်​မယ့်​အတူတူ အသုံးဝင်​လာနိုင်​တဲ့သူဆီ​ပေးလိုက်​တာ ပို​ကောင်းမယ်​လို့ငါထင်​လို့။ ငါ့မှာရှိတဲ့သတင်းထူး​တွေက​တော့ ဒါအကုန်​ပါပဲ။ မကြာခင်​​နွေ​ကျောင်းပိတ်​ရက်​​တွေကုန်​လို့ ​ကျောင်း​တောင်​ပြန်​ဖွင့်​​တော့မယ်​။ ​နောက်​ဆုံးတစ်​ပတ်​ရဲ့ ဗုဒ္ဓဟူး​နေ့မှာ ဒိုင်​ယာဂွန်​လမ်းကြားထဲ နင်​လာခဲ့​စေချင်​တယ်​။ မလာရင်​​တော့ ငါ့ကိုအဆိုးမဆိုနဲ့။ဈေးအတူတူဝယ်​ကြမယ်​။

သတိရခြင်းများစွာဖြင့်
H.G"

စာရွက်​​လေးကိုအသာ​ခေါက်​ စာအိတ်​​လေးထဲထည့်​ ဂါထာပါတဲ့တံဆိပ်​နှိပ်​လိုက်​ပြီး စာပို့ဇီးကွက်​​လေးရဲ့​ခြေ​ထောက်​မှာ ချည်​​ပေးလိုက်​တယ်​။ ငါသူ့ဆီစာပို့တိုင်း နာမည်​ကိုအတို​ကောက်​​လေး​တွေပဲ ​ရေးပြီးပို့တယ်​။ သူ့မိဘ​တွေ စာကိုရသွားခဲ့လို့ဖတ်​ခဲ့သည်​ရှိ​သော်​​ပေါ့။ အ​ဝေးမှာ အစက်​က​လေးပဲမြင်​ရ​တော့တဲ့အထိပျံသန်းသွားတဲ့ဇီးကွက်

ကျွန်​မရဲ့အရှင်​သခင်​(Zawgyi Ver)Where stories live. Discover now