လျှို့ဝှက်​ခန်းမ ၂

595 68 7
                                    

ငါ​လေးရဲ့အ​စောပိုင်း​ဟော့ဝပ်​​ကျောင်း​တော်​မှ​နေ့စွဲများက​တော့သာသာယာယာပါပဲ။ဒ​ရေဂိုနဲ့စကားမ​ပြောဖြစ်​​တော့တာကလွဲလို့​ပေါ့။သူ့အနားမှာခရက်​၊ဂိုရယ်​၊သီအို​ဒေါ၊ပန်​စီတို့က ပီ​ကေလိုကပ်​​နေကြတာ။ဧကန္တ ငါ့​ယောက္ခမ​လောင်းကြီးက ဒ​ရေဂိုနဲ့ငါခင်​​နေကြတာသိသွားလို့ ဟိုမြန်​မာကား​တွေထဲကလို မတူဘူး​လေးမတန်​ဘူး​လေးနဲ့ မ​ပေါင်းခိုင်းပဲ ဟို၎​ကောင်​ကို စုံ​ထောက်​ချထားတာဖြစ်​မယ်​။ ​သြော်​..က​လေးရယ်​။ နင့်​အဖြစ်​ကလည်း မြန်​မာကားထဲက ​ရွှေ​ပေါ်မြတင်​သူ​ဌေးသမီး​လေးလိုပါပဲလား။ ကျွတ်​ကျွတ်​။ စိတ်​မ​ကောင်းစရာပဲ။ နင်​ငါ့ကိုစကား​တော့ မရရ​အောင်​လာ​ပြောမယ်​ဆိုတာ ငါ​လေးသိ​နေပါတယ်​​နော်​။

ထင်​ထားတဲ့အတိုင်းပဲ ဟို၎​ယောက်​မျက်​စိ​အောက်​ကဘယ်​လို ရုန်းထွက်​လာသလဲမသိ တစ်​ခု​သောည​နေခင်းမှာ ဒ​ရေဂို ငါ့ဆီ​ရောက်​လာတယ်​။

"ဟာမီ။ငါနင့်​ကို​ပြောစရာရှိလို့။"

"အင်း။ ​ပြော​လေ"

"နင့်​ကိုငါလစ်​လျူရှုထားသလိုဖြစ်​​နေခဲ့တာကိုစိတ်​မဆိုးပါနဲ့။ နင်​နဲ့ခင်​​နေတာကိုအ​ဖေသိသွားတယ်​။ နင်​နဲ့ဆက်​​ပေါင်း​နေရင်​ နင့်​ကိုတစ်​ခုခုလုပ်​မှာလို့အ​ဖေက ငါ့ကိုခြိမ်း​ခြောက်​တယ်​ဟ။ သီအိုတို့တစ်​စုကိုလည်း ငါ့ကိုမျက်​စိ​ဒေါက်​​ထောက်​ကြည့်​ခိုင်းထားတယ်​။ ငါဘယ်​မှ လွတ်​လွတ်​လပ်​လပ်​သွားလို့မရဘူး။့ခု​တောင်​ ငါမနည်းခိုးထွက်​လာရတာ။"

"ငါနင့်​ကိုစိတ်​မဆိုးပါဘူး ဒ​ရေဂိုရယ်​။ နင်​အဆင်​​ပြေ​နေရင်​ပြီးတာပါပဲ"

"နင်​နဲ့မှ ဆက်​မခင်​ရ​တော့ရင်​ ငါဘယ်​လိုလုပ်​ အဆင်​​ပြေပါ့မလဲ။ ငါနင်​နဲ့ပဲသူငယ်​ချင်းလုပ်​ချင်​​တာ။ နင့်​သူငယ်​ချင်းကလည်း ငါတစ်​​ယောက်​တည်းပဲ ဖြစ်​​စေချင်​တယ်​။ ဒါ​ပေမဲ့ နင်​ကငါ့ထက်​ ဟို၂​ကောင်​ကိုပိုခင်​​နေတယ်​ မဟုတ်​လား။ပြောစမ်းပါ။ ငါက​တော့ နင်​ထိခိုက်​မှာစိုးလို့ နင်​နဲ့​ဝေး​ဝေး​နေ​​ပေး​ပေမဲ့ နင်​က​တော့ အနာရွတ်​​ခေါင်းရယ်​​ဝေစယ်​ပျားရယ်​နဲ့ ​ပျော်​​နေတယ်​ မဟုတ်​လား။"

ကျွန်​မရဲ့အရှင်​သခင်​(Zawgyi Ver)Donde viven las historias. Descúbrelo ahora