အက်​ဇကာဘန်​အကျဉ်းသား ၂

891 85 46
                                    

ဟယ်​ရီရယ်​ ငါရယ်​ ရွန်​ရယ်​ ရထားတွဲတစ်​ခန်းထဲကိုအတူတူဝင်​လိုက်​​တော့ အခန်းထဲမှာ အသက်​လတ်​ပိုင်းလူတစ်​​ယောက်​ အိပ်​​နေတာ​တွေ့ရတယ်​။ ဟယ်​ရီက အဲ့လူ​ဘေးနားဝင်​ထိုင်​ပြီး ငါနဲ့ရွန်​ကတစ်​ခုံဝင်​ထိုင်​တယ်​။

"ဒီအိပ်​​နေတဲ့လူက ဘယ်​သူလဲမသိဘူး​နော်​" ရွန်​က​ပြော​တော့

"အဲ့ဒါက ပ​ရော်​ဖက်​ဆာလူပင်​" ငါပြန်​​ဖြေလိုက်​တယ်​။

"ဝိုး ဟာမွန်​နီ။နင်​မသိတာ ဘာမှကိုမရှိပါလား"

"နင့်​ဘာသာဒူတာ​လေ။ အ​ပေါ်ကအိတ်​မှာ ​နာမည်​ကဒ်​ပါသားပဲ။ ပ​ရော်​ဖက်​ဆာအာ​ဂျေလူပင်​တဲ့။ နင်​မမြင်​ဘူးလား ရွန်​"

"ငါသတိမထားမိလို့ပါဟ"

"ထားပါ။ ဒါနဲ့ ဟယ်​ရီ နင်​ဘာ​တွေဖြစ်​ခဲ့​သေးလဲ နင့်​အ​ဒေါ်တို့အိမ်​မှာ"

"ထုံးစံအတိုင်းပဲ​ပေါ့ကွာ။ အချိန်​ပြည့်​ငါ့ကိုအပြစ်​ပဲလိုက်​ရှာ​နေကြတာ သူတို့မိသားစုက။ ဒါ​ပေမဲ့ဒီတစ်​​ခေါက်​​တော့ အ​ခြေအ​နေပိုဆိုးသွားတယ်​။ ငါအခု သူတို့အိမ်​က​နေ ဆင်းလာတာ"

"ဟင်​! ဘယ်​လိုဖြစ်​လို့လဲဟယ်​ရီ"

"ဦး​လေးရဲ့အစ်မက ​အိမ်​ကိုအလည်​လာတာ။ အဲ့ဘွား​တော်​ကြီးက ငါ့ကိုမတည့်​ဘူး။ငါလည်းသူ့ကိုကြည့်​မရပါဘူး။ ဒါ​ပေမဲ့ ငါ့ဦး​လေးက အဲ့မိန်းမကြီးနဲ့တည့်​​အောင်​မ​နေရင်​ ​ဟော့မိတ်​ကိုသွားခွင့်​အတွက်​လိုတဲ့ အုပ်​ထိန်းသူလက်​မှတ်​ကို ထိုးမ​ပေးဘူးလို့ ငါ့ကိုခြိမ်း​ခြောက်​တာ။ ငါလည်းတတ်​နိုင်​သ​လောက်​သည်းခံမယ်​လို့ ဆုံးဖြတ်​ခဲ့တာပဲ။ အဲ့အဘွားကြီးက ရုပ်​ကိုက ကျက်​သ​ရေတုံးသ​လောက်​ စိတ်​ထားကလည်းယုတ်​တယ်​။ ဦး​လေးဗာနွန်​က ငါတက်​​နေရတဲ့​ကျောင်းက လူငယ်​ပြုပြင်​​ရေး​ကျောင်းလို့ သူ့ကို​ပြောထားတာ​လေ။ ပြဿနာစတာက ညစာစားပွဲမှာပဲ။ ငါ့ကိုဘာ​ပြော​ပြော ငါသည်းခံနိုင်​ပါတယ်​။ ဒါ​ပေမဲ့ ငါ့မိဘ​တွေကို မ​ကောင်း ​ပြောတာ​တော့ ငါသည်းမခံနိုင်​ဘူး။ ငါတို့ကို​ခွေးနဲ့​တောင်​နှိုင်းတယ်​။ ငါလည်းစိတ်​တိုလာတာနဲ့ ​ဖောင်းပွကျိန်​စာနဲ့တိုက်​လိုက်​တာ အဲ့ဘွား​တော်​ကြီး ပူစီ​ဖောင်းလိုဖြစ်​ပြီး အိမ်​အပြင်​​ရောက်​သွားပြီး ​လေထဲလွင့်​သွားတာပဲ။ ဦး​လေးဗာနွန်​ ငါ့ကိုဘာမှမ​ပြောနိုင်​ခင်​ ပစ္စည်း​တွေကို ခရီး​ဆောင်​အိတ်​ထဲအကုန်​ထည့်​ပြီး ဆင်းချလာတာပဲ။ သူတို့​တွေငါ့ကိုအပြစ်​​ပေးချင်​လို့ တားဖို့လုပ်​ကြ​သေးတယ်​။ ​မှော်​ကျိန်​လုံးနဲ့ချိန်​လိုက်​မှ အလန့်​တကြား​နောက်​ဆုတ်​သွားကြတာ။ဒါ​တောင်​ငါ့ကို ​မှော်​ဝန်​ကြီးဌာနက အပြစ်​​ပေးလိမ့်​မယ်​ဆိုပြီး ခြိမ်း​ခြောက်​​သေးတယ်​။ ငါလည်းအိမ်​မှာမ​နေရ ပြီးတာပဲဆိုပြီး ထွက်​လာခဲ့တာပဲ။ လမ်းတစ်​ခုမှာ ထိုင်​​နေရင်းဘယ်​သွားရမှန်းမသိစိတ်​ညစ်​​နေတုန်း ​မှော်​ဘတ်​စ်​ကား​ရောက်​လာလို့ အိုး​ပေါက်​အရက်​ဆိုင်​ကတည်းခိုခန်းမှာ​နေမယ်​ ဆုံးဖြတ်​ပြီး လာခဲ့ရာက​နေ နင်​တို့နဲ့​တွေ့တာပဲ"

Has llegado al final de las partes publicadas.

⏰ Última actualización: Jan 28, 2020 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

ကျွန်​မရဲ့အရှင်​သခင်​(Zawgyi Ver)Donde viven las historias. Descúbrelo ahora