လျှို့ဝှက်​ခန်းမ ၆

549 67 13
                                    

ဒ​ရေဂိုငါ့ကိုစကားလာမ​ပြောတာကြာပြီ။သူဘာ​တွေဖြစ်​​နေတာလဲ။အနည်းဆုံး​တော့ သူငါ့ကိုပြန်​မချစ်​နိုင်​ရင်​​တောင်​ ငါတို့​တွေသူငယ်​ချင်းဆက်​ဖြစ်​​နေကြဦးမယ်​လို့ ငါတို့သ​ဘောတူထားကြတာကို။သင်​တန်းချိန်​တိုင်းလည်း ငါသူ့ကိုပဲလိုက်​ရှာ​နေမိတယ်​။ငါ့ရဲ့​ရွှေဖြူ​ရောင်​နတ်​ဘုရား​လေး ​ပျောက်​ဆုံး​နေတုန်းပဲ။အနည်းဆုံး​တော့ငါ့ကို​ငေးကြည့်​​နေခွင့်​​လေး​တော့​ပေးသင့်​ပါတယ်​။

"မိုနီ"

ငါ့ကိုဒီလို​ခေါ်တဲ့သူကတစ်​​ယောက်​တည်းပဲရှိတယ်​။

"အစ်​ကိုဒဲရစ်​"ငါပြုံးပြီးလှည့်​ကြည့်​ရင်း​ခေါ်လိုက်​တယ်​။ခပ်​လှမ်းလှမ်းမှာ စ​လေသရင်းဝတ်​စုံနဲ့ခန့်​ညား​နေတဲ့အစ်​ကိုဒဲရစ်​က ​ဘောင်းဘီအိတ်​ကပ်​ထဲလက်​ထည့်​ထားရင်း ရပ်​​နေတာ စမတ်​ကျ​နေတာပဲ။ငါသူ့ဆီမ​ပြေးသွားရုံတမယ်​ လမ်း​လျှောက်​သွားပြီး သူ့​ရှေ့ရပ်​​လိုက်​တယ်​။

"အစ်​ကိုနဲ့​တောင်​မ​တွေ့တာကြာပြီပဲ။အစ်​ကို​နေ​ကောင်းတယ်​မို့လား" ငါ​မေး​တော့အစ်​ကိုဒဲရစ်​က ပြုံးတယ်​။

"အစ်​ကိုက​နေ​ကောင်းပါတယ်​ ညီမ​လေး။မ​ကောင်းတာက မက်​ဖွိုင်းပဲ။အဲ့​ကောင်​အခုတ​လောပုံမှန်​မဟုတ်​ဘူး။သူ အဲ့လိုဖြစ်​​နေတာက ညီမနဲ့ပတ်​သတ်​​နေသလားလို့ အစ်​ကိုသိချင်​လို့"

"ဟာ.မဟုတ်​တာပဲ။အစ်​ကိုကလဲ။သူ့ဘာသာစိတ်​ညစ်​စရာ တစ်​ခုခုရှိ​လို့​နေမှာပါ။"

"အင်း ဒါဆိုလည်း​တော်​​သေးတာ​ပေါ့ ahaha"

ဟင်​..အစ်​ကို​ပြောတာကလည်း ဘယ်​လိုကြီးလဲ​နော်​။ ငါ​လေး ရင်​ခုန်​သံ​တွေပါမြန်​သွားတယ်​။

"ညီမ​လေး ​နေ့လည်​စာကိုအစ်​ကိုနဲ့အတူတူစားပါလား။ အစ်​ကိုတစ်​​ယောက်​တည်းပျင်း​နေလို့"

"အာ..အစ်​ကို ညီမတို့ဂရစ်​ဖင်း​ဒေါစားပွဲကို လာစားပါလား။ စ​လေသရင်းက ညီမနဲ့မသိတဲ့သူ​တွေပဲများ​တော့​လေ။ညီမ သိပ်​အဆင်​မ​ပြေလို့ပါ။"

ကျွန်​မရဲ့အရှင်​သခင်​(Zawgyi Ver)Wo Geschichten leben. Entdecke jetzt