လျှို့ဝှက်​ခန်းမ ၈

550 72 15
                                    

"ကဲ ​ပြောကြစမ်းပါဦး နင်​တို့ဘယ်​လိုလုပ်​အဲ့မှာ ကံဆိုးစွာ​ရောက်​​နေသလဲဆိုတာ​လေး"

Commonခန်းထဲမှာရှိတဲ့ ​ရွှေဝါ​ရောင်​နဲ့ကြက်​​သွေး​ရောင်​ လှပစွာမွန်းမံထားတဲ့ ဆိုဖာခုံကြီး​တွေ​ပေါ် ငါတို့၃​ယောက်​သားထိုင်​ချလိုက်​ပြီး​နောက်​ ငါ​မေးလိုက်​တယ်​။

"ဒီလို​လေ ဟာမွန်​နီ။ ငါနဲ့ဟယ်​ရီ အ​ဆောင်​ပြန်​လာ​တော့ နင့်​ကိုမ​တွေ့ဘူး​လေ။ ပါဗာတီတို့ကို​မေး​တော့လည်း သူတို့က မသိဘူးပဲပြန်​​ဖြေကြတာ။ အ​တော်​ကြာတဲ့ထိနင်​ပြန်​မလာ​တော့ စိတ်​ပူပြီး ငါတို့ နင့်​ကိုလိုက်​ရှာကြတာ။ အဲ့ဒီ​စင်္ကြံကိုမ​ရောက်​ခင်​ ဟယ်​ရီ့နဖူးက အနာရွတ်​ကနာပြီး သူဟိုအသံကို ထပ်​ကြား​နေရပြီ တစ်​​ယောက်​​ယောက်​အသက်​အန္တရာယ်​ ရှိ​နေပြီလို့​ပြောပြီး ​ရှေ့က​နေ​ပြေးသွားပါ​လေ​ရော။ အဲ့ဒါနဲ့ ငါလည်းသူ့​နောက်​က​ပြေးလိုက်​ခဲ့တာမှာ အဲ့စင်္ကြံထဲ လဲကျ​နေတဲ့ ဂျက်​စတင်​နဲ့ ​လေထဲတွဲ​လောင်းကြီးဖြစ်​​နေတဲ့နစ်လ်​ကို ​တွေ့လိုက်​ရတာပဲ။ ငါ​တော့ မ​ကောင်းတာတစ်​ခုခုဖြစ်​​တော့မယ်​ဆိုတာ သိလိုက်​တယ်​။ အဲ့မှာ စ​လေသရင်း​တွေ ဘယ်​ကဘယ်​လို​ရောက်​လာမှန်းမသိ ​ရောက်​လာပြီး အသံဗလံ​တွေဆူဆူညံညံဖြစ်​ကုန်​​တော့ ကျန်​တဲ့​ကျောင်းသား​တွေပါ ​ရောက်​လာကြ​တော့တာပဲ။ ငါတို့ကပဲ ဂျက်​စတင့်​ကိုအဲ့လို​ကျောက်​ဖြစ်​​အောင်​ လုပ်​လိုက်​တဲ့အတိုင်းပဲ ​ပြောဆို​နေကြတာဟာ။ အဲ့လိုထင်​ရက်​ကြတာ ငါယုံ​တောင်​မယုံနိုင်​ဘူး။"

"အင်း​လေ နင်​တို့၂​ယောက်​လုံးကို ငါကပဲ စာကူလုပ်​​ပေး အိမ်​စာ​တွေတွက်​​ပေး​နေရတာ။ နင်​တို့အဲ့​လောက်​ဆန်းပြားတဲ့ ဂါထာ​တွေတတ်​​နေရင်​ ငါ့ကိုအလုပ်​လာရှုပ်​စရာ အ​ကြောင်း​တောင်​မရှိဘူး​လေ။ သူတို့မသိတာကံဆိုးတာပဲ။"

ရွန်​က သူ့​ဘေးမှာရှိတဲ့​ခေါင်းဦး​သေး​သေး​လေးနဲ့ ငါ့ကိုပစ်​​ပေါက်​တာကို အသာ​ရှောင်​လိုက်​ပြီး ငါတို့၃​ယောက်​သား သ​ဘောတကျကို ရယ်​​နေကြ​တော့တာပဲ။

ကျွန်​မရဲ့အရှင်​သခင်​(Zawgyi Ver)Wo Geschichten leben. Entdecke jetzt