လျှို့ဝှက်​ခန်းမ ၃

545 67 6
                                    

ရွန့်​ကို​ဆေးရုံလိုက်​ပို့ပြီး ငါနဲ့ဟယ်​ရီပြန်​လာ​တော့ ပ​ရော်​ဖက်​ဆာ​တွေက ရန်​ပွဲထဲပါတဲ့ရွန်​နဲ့ပင်​စီကို ​ကျောင်းပိတ်​ပြစ်​ဒဏ်​နဲ့ဆီးကြို​နေကြတယ်​။သူတို့​တွေ ည​နေကျရင်​အပြစ်​ဒဏ်​ခံယူရမယ်​။သူတို့အပြစ်​ဒဏ်​က ဆုဖလားအခန်းထဲက ဒိုင်းဆု​တွေကို ​ပြောင်​လက်​​နေ​အောင်​သုတ်​ဖို့ပဲ။ဟယ်​ရီ့ကို ​လော့ဟက်​က သူ့ပရိတ်​သ​တ်​​​တွေဆီကိုပြန်​စာကူ​ရေး​ပေးဖို့​ခေါ်သွားတယ်​။ ဒ​ရေဂိုက ငါနဲ့စကား​ပြောချင်​တယ်​ဆိုလို့ ညစာသွားမစားခင်​ သူနဲ့သွား​တွေ့တယ်​။အချစ်​ကပထမ အစားကဒုတိယ။အင်း..တစ်​ခါတစ်​​လေ​တော့​ပြောင်းပြန်​ဖြစ်​ရင်​ဖြစ်​မှာ​ပေါ့။ပြော​တော့ မရဘူး​လေ​နော်​။

သူချိန်းထားတဲ့စင်္ကြံ​ထောင့်​ကိုငါလာ​တော့ သူ​တောင်​​ရောက်​နှင့်​​နေပြီ။အစိမ်းရင့်​​ရောင်​နဲ့အနက်​​ရောင်​​ပေါင်းစပ်​ထားတဲ့ဝတ်​ရုံနဲ့ရပ်​​နေတဲ့သူ့ရဲ့ ရွှေဖြူ​ရောင်​ဆံပင်​​လေး​တွေမှာ ​ခေါင်းလိမ်းဆီ​တွေက​ လ​ရောင်​​အောက်​မှာ​ပြောင်​လက်​​နေ​ရောပဲ။ငါ့​ခြေသံကိုကြား​တော့ မီးခိုး​ရောင်​မျက်​ဝန်းအစုံက လှည့်​ကြည့်​လာတယ်​။

"​ရောက်​လာပြီလား ဟာမီ"

"အင်း နင်​​ပြောစရာရှိလို့ဆို?ဘာ​ပြောမလို့လဲ။"

"ငါနင့်​ကို​တောင်းပန်​ချင်​လို့။တခြားသူ​တွေ​ရှေ့မှာပင်​စီက နင့်​ကို အဲ့လို​ခေါ်လိုက်​မယ်​လို့ ငါမထင်​ထားခဲ့ဘူး။နင့်​ကို မထိဖို့ ငါသူ့ကိုအတန်​တန်​မှာထားတယ်​။သူက လုံးဝနားမ​ထောင်​ဘူး။ငါငယ်​ငယ်​​လေးကတည်းက ​ပေါင်းလာတဲ့သူငယ်​ချင်းဆို​တော့လည်း ခက်​တယ်​။ငါ သူ့အစား ​တောင်းပန်​ပါတယ်​။ဟာမီ ငါ့ကို​တော့ ​ရောပြီးမမုန်းလိုက်​ပါနဲ့"

"ငါ နင့်​ကိုမမုန်းပါဘူး။မုန်းစရာအ​ကြောင်းလည်းတစ်​စက်​မှ ရှာမ​တွေ့ဘူး။နင်​က နင့်​ပုံစံ​လေးနဲ့နင်​ကို ငါ့မျက်​စိထဲမှာ ပြည့်​စုံပြီးသားပဲ။နင့်​သူငယ်​ချင်း​ပြောတာကို ငါစိတ်​ထဲမထားပါဘူး ဒ​ရေဂို။သူ​ပြောတာကလည်း မမှားဘူး​လေ။ငါက မက်​ဂယ်​မိဘ​တွေက​နေ ​မွေးလာတဲ့ ​ရွှံ့-"

ကျွန်​မရဲ့အရှင်​သခင်​(Zawgyi Ver)Donde viven las historias. Descúbrelo ahora