(Zawgyi code)
ဆုန်းဆောင်းအထက်တန်းကျောင်း။
မြို့လယ်ခေါင်တည့်တည့်မှာတည်ရှိသော နာမည်ကြီးအထက်တန်းကျောင်းတစ်ကျောင်းဖြစ်သည်။ ကျောင်း၏ဂုဏ်သတင်းသည် "တက္ကသိုလ်ကောင်းကောင်းသွားချင်ရင် ဆုန်းဆောင်းမှာထား" ဟု ပြောစမှတ်သွင်သည်ထိ။ ထိပ်သီးတက္ကသိုလ်များ၌ ဝင်ခွင့်ရကျောင်းသူကျောင်းသား၏၃၀ရာခိုင်နှုန်းသည် ဆုန်းဆောင်းအထက်တန်းကျောင်းမှ ကျောင်းသူကျောင်းသားများဖြစ်သည်မို့ မိဘများ မျက်စိကျရာနေရာဖြစ်သည်။ စနစ်ကောင်းနှင့်သွားနေသည့် ကျောင်းဖြစ်သည့်အတွက်လည်း ကျောင်းသူကျောင်းသားများ၏ ပါးစပ်ဖျားတွင် " နေတတ်ရင်ပျော်ဖို့ကောင်းတဲ့ကျောင်း " ဟုရေပန်းစားပြန်သည်။
ဆုန်းဆောင်းကျောင်း၏ အထက်တန်းနောက်ဆုံးနှစ် (B) ခန်းတွင်ဖြစ်သည်။
" Choi Yeonjun!!!! "
ခပ်စူးစူးအသံလေးတစ်ခုရယ်၊ နို့အေးကဒ်ကိုစားပွဲခုံပေါ်ဆောင့်ချလိုက်သံရယ်ကြောင့် ဆူညံနေတဲ့တစ်တန်းလုံး တစ်ချက်တိတ်သွားကာ တစ်တန်းလုံး၏ အကြည့်များ အသံလာရာဆီတွင်စုပြုံသွားသည်။ အနောက်လှည့်ကာ စကားများနေသည့် Yeonjun အပါအဝင်။ စက္ကန့်ပိုင်းစာလောက်ငြိမ်သွားသည့်အခန်းက တရားခံဘယ်သူလဲသိပြီးသည်နှင့် ချက်ချင်းစောစောကလို ပြန်ဆူညံသွားသည်။ Yeonjunကတော့ အပြုံးမပျက်ဘဲ နှုတ်ခမ်းသေးသေးလေးကိုပိုထင်းနေအောင် ပြုံးပြလိုက်ရင်း...,,,
" ငါ့အတွက် ဝယ်လာတာလား? ကျေးဇူးပဲ ရီအာ "
နို့အေးကဒ်ကို အပြုံးမပျက်ဖောက်သောက်လိုက်တဲ့ Yeonjunကို ရီအာတစ်ယောက် မျက်မှောင်ကုတ်ကာ ကြည့်လိုက်သည်။
" အတန်းခေါင်းဆောင် နင် တကယ်ပဲ ငါနဲ့မတွဲဘူးလား? "
" အင်း "
အအေးပိုက်ကိုနှုတ်ခမ်းမှာစုပ်ထားရင်း ခပ်ပြုံးပြုံးနဲ့ ခေါင်းငြိမ့်ပြတဲ့ Yeonjunကို ရီိအာ စိတ်ဆိုးလည်းဆိုးချင်သည်၊ ဆိုးလည်းမဆိုးနိုင်ပါ။