(Zawgyi ver)
တစ်ချိန်လုံး ပြုံးစိပြုံးစိဖြစ်နေတဲ့သူ့ကို ရီအာက လှည့်ကြည့်လှည့်ကြည့်နဲ့ မျက်မှောင်ကုတ်ပြသည်။ သူကတော့ သီချင်းလေးတညီးညီးနဲ့ တိုင်ကပ်နာရီကို ကြည့်ကာကြည့်ကာဖြင့်သာ။ နာရီလက်တံက ၉နာရီအတိကိုကပ်သွားပေမယ့် BeomGyuတစ်ယောက် ရောက်မလာတာမို့ ကျောင်းဝန်းထဲကို ခေါင်းပြူကာမျှော်ရပြန်သည်။
" အဟမ်း Choi Yeonjunရေ လည်ပင်ကြီးလည်းရှည်နေပြီနော် "
ဘေးနားကနေ ဂျယ်မင်းက စသလိုနောက်သလို ချောင်းတဟန့်ဟန့်နဲ့ ပြောလာမှ Yeonjunအတန်းထဲကို မျက်နှာပြန်မူလိုက်မိသည်။
" Choi BeomGyuက ဒီနေ့ခွင့်ယူထားတယ်တဲ့ မျှော်မနေနဲ့ "
အိမ်စာစာအုပ်တွေ ရုံးခန်းကနေ သွားသယ်လာတဲ့ ယူဂျောင်းက သူ့ကိုတစ်ချက်မကြည့်ဘဲ ခပ်တည်တည်ပြောသွားကာ စာအုပ်တွေလိုက်ဝေသည်။ မိုင်ကနဲဖြစ်သွားတဲ့သူ့ကို ရီအာက လှည့်ကာ နှာခါင်းရှုံ့သည်။ အခုရက်ပိုင်း BeomGyuကို သည်းသည်းလှုပ်ဖြစ်နေတဲ့သူ့ကို သူငယ်ချင်းတွေလည်း မျက်စိနောက်နေပုံရပါရဲ့။
တစ်ခုခုများဖြစ်လို့လားဆိုတဲ့ စိုးရိမ်စိတ်နဲ့ BeomGyuကို စာပို့ဖို့ပြင်တော့ ဆရာဝင်လာတာနဲ့ မပို့လိုက်ရ။
နေမကောင်းများဖြစ်နေလို့လား?????
ခရီးသွားတာများလား?????
မနေ့က စားတာတွေများပြီး ဗိုက်နာနေတာများလား???
ဒါမှမဟုတ် လူများတဲ့နေရာတွေသွားပြီး ခေါင်းကိုက်သွားလို့လား???
" Choi YeonJun!!!! "
" ခေါင်းကိုက်နေလို့လား "
" ဟားဟားဟားဟားဟား "
တစ်တန်းလုံးရဲ့ရယ်သံတွေ ကျွက်ကျွက်ညံသွား၍ ဆရာရဲ့ အကြည့်စူးစူးကတော့ ကျောချမ်းဖွယ်ရာအတိဖြစ်သွားခဲ့သည်။ ရုတ်တရက်ကြီး ဆရာခေါ်လိုက်တာကို အယောင်ယောင်အမှားမှားနဲ့ ဖြေလိုက်မိတဲ့သူ။