(Zawgyi Ver)
ဆေးတက္ကသိုလ်ဝင်ခွင့်စာမေးပွဲနီးလာတာနဲ့အမျှ အခုတလော Yeonjun ခြေကုပ်ကာ အိမ်မှာသာ စာလုပ်နေမိသည်။ ပုံမှန်ဆို စာကိုစိတ်ဝင်စားတဲ့သူမဟုတ်ပေမယ့် ယခုဝင်ခွင့်စာမေးပွဲက လွယ်ကူသည်မဟုတ်တဲ့အတွက် သူ့မှာ အအားမနေဘဲ စာကြည့်နေရသည်။ လူကြည့်ရင်သာ ဘာမှမဟုတ်တာ။ ကလေးအထူးကုဆရာဝန်တစ်ယောက်တော့ Yeonjun ဖြစ်ချင်သည်။
Gyuuကလည်း သူ့အလုပ်နဲ့သူရှုပ်နေတာမို့ Yeonjun Gyuuအိမ်ကိုမသွားဖြစ်တာ သုံးလေးရက်လောက်ရှိလေပြီ။ မတွေ့ဖြစ်ကြတာဆို ပိုမှန်မည်။ ဖုန်းလေးလောက်သာ ဆက်ဖြစ်ကြပြီး ဒါတောင် တစ်ရက်မှာနှစ်ကြိမ်လောက်သာ။ အရမ်းထူးဆန်းလွန်းမနေဘူးလား။
ပိုထူးဆန်းတာကတော့ သူ စာကိုပဲအသည်းအသန်လုပ်ချင်နေတာပဲ။ မဟုတ်မှလွဲ အိမ်ကအမေ အထက်လမ်းအောက်လမ်းတွေနဲ့ ပြုစားထားတာများလား။ ဒီလိုဆိုမှ Gyuuကို လွမ်းလိုက်တာ။ မျက်နှာလေးမမြင်ရတာ ဘယ်လောက်တောင်ကြာပြီလဲ။
တွေးနေမိစဉ်မှာပဲ ဖူးစာဖက်လို့မပြောရအောင် Gyuuဆီကဖုန်းလေးက အလိုက်သင့်ဝင်လာသည်။
" Gyuu ကိုယ်အခုပဲ ဖုန်းဆက်တော့မလို့။ တိုက်ဆိုင်လိုက်တာ "
" အင်း.. ။ စာလုပ်နေတာလား "
သူ့ဖက်က မြူးထူးစွာ ထခုန်မတတ်ဆိုပေမယ့် တစ်ဖက်က ပြန်လာတဲ့အသံလေးက နွမ်းလျနေတာမို့ Yeonjun ရင်တွေ ဒိတ်ကနဲဖြစ်သွားရတယ်။
" Gyuu ဘာဖြစ်နေတာလဲ။ အသံကဘာဖြစ်တာလဲ "
" ဘာမှမဖြစ်ပါဘူး။ နည်းနည်းနေလို့မကောင်းလို့။ hyung စာကောင်းကောင်းလုပ်နော်။ ကျွန်တော် ခဏအိပ်မလို့ ကြိုဖုန်းဆက်တာ "
" နေမကောင်းဘူး? ဘာဖြစ်တာလဲ? ဖျားနေတာလား? အမေတို့ရောရှိလား? ဆေးရောသောက်ပြီးပြီလား? အိမ်ကရေသိရဲ့လား? ဟာ ကိုယ်စိတ်ပူလာပြီကွာ "
မေးခွန်းပေါင်းသောင်းခြောက်ထောင်ကို တရစပ်မေးမိတော့ တစ်ဖက်ကနွမ်းလျလျအသံလေးဆီက ရယ်သံလေးကြားရတယ်။
" ဖြေးဖြေးမေးပါ hyung ရဲ့ ။ ကျားလိုက်နေသလိုပဲ ဟက်။ နေမကောင်းတာက နည်းနည်းပါ။ အဲ့ဒါမို့စိတ်မပူလည်းဖြစ်တယ်။ နော်.. စိတ်မပူဘဲ စာကိုပဲသေချာလုပ် "