(Zawgyi ver)
နောက်ဆုံးစာမေးပွဲကြီးပြီး၍ နွေကျောင်းပိတ်ရက်များသည် Yeonjunတို့အတွက် ရွှေရောင်နေ့ရက်များဖြစ်လာလေသည်။
" Yeonjun နင်ဘာလို့ BeomGyuကို ဖွင့်မပြောသေးတာလဲ? "
ရီအာစကားစလိုက်တော့ ဖုန်းကိုယ်စီသုံးနေကြတဲ့ သူငယ်ချင်းတစ်သိုက်လုံး သူ့ဆီအကြည့်ရောက်လာသည်။ Yeonjun ဖင်ကပ်သာကျန်တဲ့ အအေးကို ပိုက်နဲ့အကုန်စုပ်သောက်လိုက်ပြီး ရီအာ့ကိုကြည့်လိုက်တယ်။
" ဘာလို့လို့ထင်လဲ? "
" မသိလို့မေးနေတာပေါ့ "
" အင် အကြောင်းရင်းက နှစ်ခုရှိတယ်ဟ "
Yeonjun ဟန်ပါပါနဲ့ ထိုင်ခုံကိုအသေချာ မှီထိုင်လိုက်တယ်။ သူ့သူငယ်ချင်းတွေကလည်း စိတ်ဝင်စားမှုအားကောင်းနေသလို ရှေ့တိုးလာကြသည်။
" နံပါတ်တစ် စာမေးပွဲအတွင်း သူ့ကိုဘာအနှောက်အယှက်မှ မပေးချင်လို့။
နံပါတ်နှစ် ငါတို့အသက်အရွယ်က စိတ်လှုပ်ရှားမှုအပြင်းထန်ဆုံးအရွယ်မဟုတ်လား? ငါ့ကိုယ်ငါ သေချာပြန်စမ်းစစ်နေတာ။ ငါ Gyuကို တကယ်သဘောကျတာလား? တကယ် တန်ဖိုးထားနိုင်ပါ့မလား? ငါဖက်က တကယ်သေချာရဲ့လား ငါ့ကိုယ်ကို စမ်းစစ်နေတာ။ ငါ့ရဲ့စိတ်လှုပ်ရှားမှုတစ်ခုအတွက်နဲ့တော့ သူ့ကိုမထိခိုက်စေချင်ဘူး "Yeonjun စကားဆုံးတော့ သူငယ်ချင်းတွေအားလုံး တစ်ခုခုကိုစဉ်းစားနေသလို ငြိမ်သက်နေကြသည်။
" ဒါဆို နင့်အဖြေကဘာလဲ? "
မင်ဂျောင်းက မေးလာသည်။
" ငါမသိသေးဘူး "
" နင့်ဟာကလည်း။ ကိုယ့်ခံစားချက်ကိုယ်တောင် မသိဘူးလား? "
" ငါ သူ့အတွက် စဉ်းစားနေလို့ပါဟာ "
" မင်းအကောင်းဆုံးလုပ်နိုင်မှာပါ။ မင်းနှလုံးသားအတိုင်းပဲလုပ်ပေါ့ "