(Zawgyi ver)
ဂျယ်ဂျူတွင် အသွားအပြန်အပါအဝင် ၆ရက်တိတိနေခဲ့ပြီး ဆိုးလ်ကိုပြန်ရောက်ချိန်မှာ ပိတ်ရက်က၄ရက်ကျန်၍ စာမေးပွဲဖြေဖို့ ၁လလောက်သာလိုတော့သည်။ ထို၁လကိုလည်း သူတို့ကျောင်းပုံမှန်တက်ဖြစ်မည်မဟုတ်။ ဆရာ/ဆရာမများကလည်းနားလည်မှုပေးထားတာကြောင့် Self studyအနေနဲ့ တစ်ပတ်၂ရက်လောက်သာ ကျောင်းသွားပြီး အိမ်မှာသာစာကျက်ကြမည်ဖြစ်သည်။
အထက်တန်းနောက်ဆုံးနှစ်စာမေးပွဲကြီးဆိုသည့်အတိုင်း ဘဝရဲ့အချိုးအကွေ့ကြီးတစ်ခုဖြစ်တာမို့ သေချာလေးလုပ်ဖို့တော့လိုသည်။ ဒါပေမယ့် သူတို့တစ်ဖွဲ့လုံးက စိတ်ပူစရာမလို။ အကုန်လုံးက ဥာဏ်ကြီးရှင်တွေချည်း။ ဒါကြောင့်လည်း စာမေးပွဲနီိးနေတာတောင် ခရီးထွက်နေနိုင်တုန်းလေ။ တချို့များဆို အခုချိန် မအိပ်နိုင်မစားနိုင်နဲ့ ကုန်းရုန်းစာလုပ်နေကြမှာအသချာ။
သူတို့အထဲမှာ ဆရာမကြီးက ဟန်မင်ဂျောင်း။ ကျောင်းရဲ့ Top threeထဲကတစ်ယောက်။ ဆိုရီအာနဲ့ Yeonjunဆိုတာကလည်း အတန်းထဲမှာ အမြဲ Top Tenဝင်တဲ့သူတွေ။ မင်ယောက်နဲ့ဂျယ်မင်းကလည်း တစ်နှစ်တစ်တန်းအေးဆေးလေးအောင်တဲ့ကောင်တွေဆိုတော့ ဘာမှစိတ်ပူစရာမလို။ သူတို့အဖွဲ့က စည်းတော့စည်းလုံးသည်။ အပျော်အပါးဆိုလည်း လာထား။ အေး စာလုပ်ပြီဆိုလည်း မင်ဂျောင်းရဲ့အာဏာစက်ကြီးနဲ့ မဖြစ်မနေကို လုပ်ရတာမို့ အေးအေးဆေးဆေးကို တက္ကသိုလ်ရောက်မှာ သေချာနေပြီးသား။ Gyuuကလည်း ဒုတိယနှစ်ဝက်မှပြောင်းလာတာဆိုပေမယ့် အရင်ကျောင်းမှာ အမှတ်တွေကောင်းခဲ့ကြောင်း သိပြီးသားမို့ ဘာမှကို စိတ်ပူစရာမလို။ အေးဆေးတာမှ ကလေးပင်မွေးလို့ရသည်။
မနက်ဖြန်မှ စာစလုပ်မယ်ဆိုတဲ့အတွေးနဲ့ တစ်ရက်လုံး အိပ်ယာထဲမှာ Yeonjun ကွေးနေမိ၏။
ထိုအချိန် Group Chatထဲ စာတစ်စောင်ဝင်လာသည်။