(Zawgyi ver)
" ရီအာ နင့်ကိုဒီကောင်ငြင်းတာမလား? အဲ့ကောင်နဲ့မခေါ်နဲ့။ ဖင်မြင့်တဲ့ကောင် "
မင်ဂျောင်းရဲ့စကားကို ရီအာက Yeonjunအား မျက်စောင်းတစ်ချက်လှမ်းထိုးရင်း ခေါင်းငြိမ့်ထောက်ခံသည်။ Yeonjunကတော့ ရယ်ကျဲကျဲနဲ့ သူ့သူငယ်ချင်းမနှစ်ယောက်အား ဆံပင်တွေထိုးဖွပစ်လိုက်၏။ သူတို့သူငယ်ချင်းတစ်သိုက်က အမြဲထိုပုံစံအတိုင်းပင်။
" မနေ့က ငါမရှိတော့ ဘာတွေထွေထွေထူးထူးဖြစ်ကြသေးလဲ ဟဲဟဲ "
အာကျယ်အာကျယ်နဲ့အတန်းထဲဝင်လာပြီး နေရာမှာဝင်ထိုင်ဖို့ပြင်လိုက်တဲ့ သူတို့အုပ်စုရဲ့နောက်ဆုံးသောသူ ယူဂျယ်မင်း။
" Yarrr!!! အဲ့မှာထိုင်လို့မရဘူး!!! "
အနောက်ကလှမ်းအော်တဲ့ Yeonjunကြောင့် ယူဂျယ်မင်းတစ်ယောက် တုန်တက်သွားကာ Yeonjunအား ပြူးကနဲလှည့်ကြည့်လေသည်။
" ငါ့နေရာငါထိုင်တာလေ ဘာဖြစ်လို့လဲ? "
" အခု အဲ့ဒါမင်းနေရာမဟုတ်တော့ဘူး။ ဒီကိုလာ "
ထရမလို၊ထိုင်ရမလို ကုန်းကုန်းကွကွဖြစ်နေရှာတဲ့ ဂျယ်မင်းကို Yeonjun လက်သွားဆွဲခေါ်လာသည်။
" မနေ့ကမင်းကျောင်းမလာလို့ မင်းနေရာကို ကျောင်းသားသစ်ကို ပေးလိုက်ပြီ "
" ဟာ ရမလား။ ငါ့နေရာကို "
" ရလိုက်ပါကွာ။ မင်းကကျောင်းသားဟောင်းပဲ။ ကျောင်းသားသစ်ကို ဦးစားပေးလိုက်ပါ "
ဂျယ်မင်းပုခုံးကိုဖက်ပြီး ဖတ်တီးမင်ယောက်ဘေးခုံမှာ ထိုင်စေတဲ့ Yeonjunကို ဂျယ်မင်း မကြည်ကြည့်တစ်ချက်တော့ ကြည့်နေသေးသည်။ အရမ်းကြီး စိတ်ဆိုးနေဟန်တော့မရတာမို့ Yeonjun ပြုံးကာ မျက်နှာချိုသွေးလိုက်သည်။
ထိုအချိန် အတန်းထဲဝင်လာတဲ့ BeomGyuက ဂျယ်မင်းနေရာမှာ ဝင်ထိုင်တော့ ဂျယ်မင်းက Yeonjunကို စောင်းကြည့်ကာ...,,