Zawgi...
EXO-CBX-someone like you
Season -2....
၂၀၁၁ မေလလည်မှာ ကိုရီးယား က
အပူချိန်အမြင့်ဆုံးကိုရောက်နေတယ်..အပူပိုင်းဒေသတွေလောက် ပူပြင်းနေ
သည်မျိုးမဟုတ်ပေမဲ့..အအေးပိုင်း
ဒေသဖြစ်တဲ့ ကိုရီးယား နိုင်ငံအတွက်
တော့ စံချိန်တင် ပူပြင်းမှုပဲ..အဝေးကြီးမှာ ရှိနေတဲ့ တိမ်တွေက အခု
တော့ ပိုမြင့်သွားသလိုခံစားရတယ်..နေရာတိုင်းမှာ ပြည်သူတွေရဲ့ ပူပြင်း
မှုကြောင့် ငြီးငြူသံတွေ..နောက်ပြီး
ဒီနှစ်က တောင်ကိုးရီးယားရဲ့ စိုက်ခင်း
အချို့ အပူဒဏ်ကြောင့် ပျက်စီးမှုများ
ခဲ့တာကြောင့် လယ်သမားအချို့ရဲ့
ငြီးငြူသံတွေက တောင်ကိုးရီးယားရဲ့
နေရာအနှံ့  မှာပျံ့နှံ့လို့နေတယ်...တစ်စုံတစ်ယောက်ရဲ့ သတင်းအစအနကို
ကောက်ရိုးပုံထဲ အပ်ပျောက်ရှာနေသလို
ရှာနေတဲ့ လူတစ်ယောက်ကတော့ တောင်
ကိုရီးယား ရဲ့ အပူချိန်ထက် သူ့ရင်ထဲမှာ
ပိုပူနေလောက်မယ် ထင်တယ်..အသက် ၃၅နှစ် ဆိုတာ ဘ၀တစ်ဆစ်ချိုးဖို့
အနည်းငယ်တော့ နီးကပ်လို့နေပြီ..တည်ငြိမ်
သင့်သလောက်တည်ငြိမ်ပြီး..အတိတ်တစ်ချို့ကို မေ့ပျောက်ဖို့ သင့်နေပြီလို့ ယူဆကြ
တယ်..ဟန်ချွန်းက ရေကူးသင်တန်းရှေ့ အနက်
ရောင် ကားလေးလာရပ်တာနဲ့ သင်တန်း
ထဲက ကလေးငယ်တစ်ယောက်ပြေးထွက်
လို့လာတယ်.."ဒီနေ့ရော ပျော်ခဲ့ရဲ့လား..hohoလေး"
ကားရှေ့ couple ခုံမှာ လာထိုင်တဲ့ ကလေး
ငယ် ကို ပြုံးရင်မေးနေသည့် လူကို ကလေး
ငယ် ဂရုမစိုက်ပဲ တစ်စုံတစ်ခု အားရှာလို့နေ
သည်.."ဘာတွေရှာနေတာလည်း hoလေး"
"ပစ္စည်းတွေရော ဦးဦး..ဒီနေ့ ဟိုနေရာ
ကိုသွားမယ်ဆို.."၅နှစ်အရွယ် Yihoလေးက အရွယ်နဲ့
မလိုက်အောင် စကားပြောတက်လွန်း
လို့ သူအချစ်ပိုခဲ့ရတာ..အခုလည်း မျက်
ခုံးလေးတွန့်ကာ မေးနေပြန်တဲ့ yihoလေး
ရဲ့ ဆံပင် ပျော့ပျော့လေးတွေကို သူဆွဲဖွ
လိုက်တယ်..

YOU ARE READING
Careless||season-2||[complete]Xingho
Fanfictionလူတစ်ယောက်ကို နှစ်ပေါင်းများစွာ စောင့်မျှော်ခဲ့ဖူးသလား....? ငေးကြည့်ခွင့်သာရခဲ့တဲ့ ချစ်ခြင်းတွေနဲ့ တင်းတိမ်ခဲ့ဖူးသလား....? Hyper Lunacy's season-2..... Z+U