အပိုင်း၁၀

876 125 17
                                    

Zawgi...

ငေးကြည့်​ယုံနဲ့ ​ကျေနပ်​ပါတယ်
ဆိုတဲ့ အရုပ်​က​လေးကိုလည်း
တစ်​ခါတစ်​​လေ တက်​မက်​ဖူးတယ်
မဟုတ်​လား....

မပိုင်​ဆိုင်​ခြင်းမှာအစပြုလို့
စွန့်​လွှတ်​ခြင်း​တွေ တသီကြီး
မှာ အလုံးစုံ မင်းအ​ပေါ် ငါ
ချစ်​ခဲ့ပါတယ်​.....

တစ်​စုံတစ်​ခုရဲ့ ချုတ်​​နှောင်​ထားခံ
ရခြင်း​ကြောင့်​ ခန္ဓာကိုယ်​အား လှုပ်
ရမ်းမိသည်​....

ရင်းနှီး​နေသည့်​ ကိုယ်​သင်းရနံ့နဲ့
ပါးပြင်​အပ်​ထားရာ ​နေရာတစ်​ခု
သည်​ လွန်​စွာ​နွေး​ထွေးလွန်း​နေ
ခဲ့သည်​......

ခပ်​တင်းတင်း ဆွဲဖတ်​လိုက်​ပြန်​တဲ့
လက်​အစုံ​ကြောင့်​ ကျွန်​​တော်​ သူ့
ရင်​ခွင်​ထဲ​ရောက်​​နေမှန်း အတက်
ပြောနိုင်​ပါသည်​....

မ​နေ့ညက အငိုလွန်​ပြီး အိပ်​​ပျော်
သွားသည့်​ အ​ကြောင်းအမှန်​အား
မယုံချင်​​ပေမဲ့ ကျွန်​​တော်​လက်​ခံရ
တော့မည်​.....

"နိုးပြီးလား...​ကောင်​ဆိုး​လေး...."

"Xing....."

အရင်​လိုပဲ xing ရဲ့ အိပ်​ယာထခါစ
အသံဟာ တိုးလျအက်​ကွဲ​နေတယ်​....

"မင်းကို ကိုယ်​ထားခဲ့မယ်​လို့ ​ပြောမိ
သလား suho...မင်းဟာ​လေး ​တော်
တော်​ဆိုးတယ်​....တစ်​​ယောက်​ထဲ အ
တွေးနယ်​လွန်​​နေ​တော့တာပါပဲ....."

ကျွန်​​တော့်​ရဲ့ ဆံပင်​​လေးကို သူ့
လက်​​ချောင်း​နွေး​နွေး​လေး​တွေ
နဲ့ သပ်​တင်​​ပေးရင်း ရယ်​သံတစ်
ဝက်​နဲ့ သူက​ပြောလာတယ်​......

"ကဲထရ​အောင်​....ဒီ​နေ့ ​ဆေးရုံ
သွားပြီ စမ်းသပ်​ရမယ်​....မင်းခွဲ
စိတ်​ဖို့ကို လက်​ခံလိုက်​ပြီ​လေ..
ဟုတ်​တယ်​ဟုတ်​....."

ကျွန်​​တော့်​ရဲ့ နှာ​ခေါင်းထိပ်​ကို
လာဆွဲညှစ်​တဲ့ သူ့ကို ပြုံးကာ
ခေါင်းညိမ့်​ပြလိုက်​သည်​.........

သူ​ပြောသလိုပဲ ကျွန်​​တော်​က
တစ်​ကယ်​ဆိုးရွားတယ်​...သူ့ကို
မှသံသရ ၀င်​ရတယ်​လို့ရယ်​....

Careless||season-2||[complete]XinghoWhere stories live. Discover now