Zawgi...
G-Dragon -- Untitled
Season -2......
မနက်ခင်းနေရောင်ခြည်နုနုက မှန်ချပ်
အပြင်ကနေ စားပွဲခုံပေါ်ကို ကျရောက်
လို့နေတယ်...လည်ပင်းထက်က အနည်းငယ်ကျင်း
ကြပ်နေသည် ထင်ရသော necktie
ကို ဖြေလျော့စေလိုဌား ဆွဲဖွယ်လိုက်မိ
တယ်...အပြင်ဖက်မှာ သွားလာနေတဲ့လူတွေ
ကို တစ်လှည့် ဆိုင်အ၀ကို တစ်လှည့်
ကြည့်ကာ ဗျာများနေတဲ့ သူ့ပုံက တစ်
ကယ်ကြည့်ရဆိုးနေမလားပဲ...အရှေ့က အေးစက်နေပြီဖြစ်သော
ကော်ဖီခွက်လေးကို သွေဖယ်ကာ
ခွက်အပြည့် ရေအားလုံးကို တစ်ကြိုက်
တည်း မော့ချလိုက်မိတယ်...မနေ့က ပြန်ခါနီးမှာ လက်ထဲထိုးထည့်
ပေးလာတဲ့ လိပ်စာကဒ် ပိုင်ရှင်က ယ
နေ့မနက် ကော်ဖီဆိုင်လေးမှာ တွေ့ဆုံဖို့
ချိန်းထားခြင်းကြောင့် သူရောက်နေခြင်း
ပင်......"စောင့်နေရတာ ကြာသွားလား....
sorry ပါဗျာ...hoလေးက ဆိုင်မ
သွားသေးလို့စောင့်နေရလို့ပါ.....""ဟုတ်ကဲ့...."
သူစိတ်လှုပ်ရှားနေတာကြောင့် များများ
စားစားမပြောဖြစ်..."ကျွန်တော်မှတ်မိသလောက်ဆို L&M
ရဲ့ ပိုင်ရှင်မဟုတ်လား...သူဌေးZhang
မှတ်မိမလား မသိပေမဲ့ ဟိုးလွန်ခဲ့တဲ့နှစ်
က ဆိုးလ်မှာကျင်းပတဲ့ ကိတ်ပြိုင်ပွဲမှာ
ကျွန်တော်က တတိယရတဲ့လူပါ......
အဲ့တုန်းက တရုတ်ကိုကျွန်တော်သွားခဲ့
ပေမဲ့ တွဲဖက်ဖြစ်တဲ့ hoလေးကတော့
မလိုက်ခဲ့ဘူး...."Waiter လေးကို ကော်ဖီမှာပြီးထဲက
စကားစပြောတဲ့ အရှေ့ကလူသားက
Waiter ကောင်လေး ကော်ဖီလာချ
မှ စကားရပ်လိုက်တယ်....."Zhang yixing ပါ...ကိစ္စလေးတွေ
ရှိလို့ ရုံးချုပ်ကို ဒီကိုပြောင်းလိုက်ပြီး..
ကျွန်တော်လည်း ဒီမှာပဲ လာနေဖြစ်နေ
တာ..."
VOCÊ ESTÁ LENDO
Careless||season-2||[complete]Xingho
Fanficလူတစ်ယောက်ကို နှစ်ပေါင်းများစွာ စောင့်မျှော်ခဲ့ဖူးသလား....? ငေးကြည့်ခွင့်သာရခဲ့တဲ့ ချစ်ခြင်းတွေနဲ့ တင်းတိမ်ခဲ့ဖူးသလား....? Hyper Lunacy's season-2..... Z+U