အပိုင်းပို...

1.8K 147 12
                                    

Zawgi...

မနက်​ခင်း ​နေ​ရောင်​ခြည်​နုနု ကိုယ့်
မျက်​နှာ​ပေါ် ဖြာကျချိန်​ ကိုယ့်​အနား
ရှိ​နေသူက မင်းဖြစ်​​နေလို့ ​ကျေနပ်​တယ်​....

ညနက်​အ​မှောင်​ထုထဲမှာ ကိုယ်
ပင်​ပန်း​နေချိန်​ ကိုယ့်​ပုခုံးကို ဖတ်
ပြီး အား​ပေးတဲ့ လူဟာ မင်းပဲဖြစ်
ပါ​စေ...

ငါ့ရဲ့အရာအားလုံး ​ပေးဆပ်​ပြီး
ချစ်​ချင်​တဲ့လူ...
မင်းနဲ့အတူ မိုးလင်းပြီး၊တစ်​ည
တာလုံး အိပ်​စက်​ချင်​တာလည်း
မင်းပါပဲ...

နံရံမှာချိတ်​ထားတဲ့ ငါတို့ရဲ့
ဓာတ်​ပုံ​လေး​တွေ အ​ရောင်​ပျံ့
လွင့်​သွားတဲ့ အချိန်​ထိ မင်းနဲ့
အတူ ရှိပါ​ရ​စေ..

လသာ​ဆောင်​မှာ စားပွဲတစ်​လုံး
ချကာ စာ​ရေးဖို့ကြိုးစား​နေရတဲ့
ကျွန်​​တော့်​အဖို့​တော့ ​ဆောင်းရာ
သီရဲ့ ​အေးစက်​တဲ့ အ​အေးဒဏ်​ကို
မျက်​ကွယ်​ပြု​နေမိခဲ့သည်​.....

"ကဲ....ချမ်း​နေတယ်​ မဟုတ်​လား
လူဆိုး​လေး....ချမ်းရင်​ စာကြည့်
ခန်းထဲ ၀င်​​ရေးပါလား ဟမ်​.......
အ​အေးပတ်​အုန်းမယ်​...."

ပုခုံး​ပေါ်မှ ကျ​ရောက်​လာတဲ့
နွေး​ထွေး​နေသည့်​ ​သိုး​မွှေး
အင်္ကျီကို တစ်​ချက်​စမ်းကာ
ပြုံးလိုက်​မိသည်​....

"အဲ့​လောက်​ကြီး မဟုတ်​ပါဘူး..
ငါ အဆင်​​ပြေ...အဟွတ်​..ဟွတ်​.."

"ကဲ...ကိုယ်​​ပြောတယ်​ မဟုတ်
လား...အခု​တော့ ​ချောင်းဆိုးပြီ
လာလာ....အထဲဝင်​ရ​အောင်
နွေး​နွေး​ထွေး​ထွေး​နေ ကိုယ်​​ကော်
ဖီသွား​ဖျော်​​ပေးမယ်​...အဲ့ ၀တ္ထုကို
ခဏထား မင်း​လောက်​အ​ရေးမ
ကြီးဘူး လာ...."

ပုခုံးက အတင်းဆွဲမပြီး သိမ်းကျုံး
ဖတ်​ကာ အထဲ​အတင်း​ခေါ်​နေတဲ့
သူ့​နောက်​ကို ပြုံးကာ ကျွန်​​တော်
လိုက်​သွားမိသည်​....

"ရပါတယ်​ yixing ရယ်​....အဲ့
လောက်​ကြီး မဟုတ်​ပါဘူး..
ဒီတိုင်းငါ...."

"ထိုင်​....ဆင်​​ခြေ​တွေမ​ပေးနဲ့..
နေမ​ကောင်းဖြစ်​ရင်​ မင်းပဲ
ပင်​ပန်းရမှာ baby....ကိုယ်​​ပြော
တာယုံ တစ်​​နေ့တစ်​​ကြောင်းပဲ
ရေးရင်​​တောင်​ ​နောက်​လဆို
Baby စာအုပ်​ တစ်​ခါထွက်​နိုင်
ပြီ ဟုတ်​ပြီလား....အခု​တော့
နားလိုက်​အုန်း...."

Careless||season-2||[complete]XinghoTahanan ng mga kuwento. Tumuklas ngayon