Zawgi...
ငါကပဲမင်းကို မစွန့်လွှတ်နိုင်ခဲ့တာ
ထင်တယ်..အချိန်တွေကလည်း ကု
စားမပေးနိုင်ခဲ့ဘူး...ဒီနေ့ပြီးတော့ မနက်ဖြန်လာမယ်..
နောက်ပြီး မင်းမရှိတဲ့နေ့ရက်တွေကို
ဖြတ်သန်းမယ်.....အရာရာက စိတ်တိုင်းကျဆုံးဖြတ်ပြီး
မှ ပြုပြင်လို့မရတော့ဘူး.....ပြိုင်ဖတ်တစ်ချို့ရဲ့ အကောက်ကြံမှု
ကြောင့် ယိမ်းယိုင်လုနီးနီး ကုမ္ပဏီ
ကို ကယ်တင်ပေးခဲ့တဲ့ ဦးလေးYiနဲ့
အပေးအယူက သူ့သမီးနဲ့လက်ထပ်ဖို့
ဖြစ်ခဲ့တယ်....အရာရာအားလုံးအတိအကျ စီစဉ်ပြီး
ခါမှ ငယ်စဉ်ကတည်းက ချစ်မြတ်နိုး
ရသူဟာ သူပါလို့သိခဲ့ရချိန်မှာ အချိန်
နှောင်းခဲ့သည်...."တောင်းပန်ပါတယ် အကို...တစ်ကယ်
တော့ xiao ho မှာ သိပ်ချစ်ရတဲ့ ချစ်သူရှိ
ခဲ့ပါတယ်...နောက်ပြီး သူ့ကိုယ်ပွားလေး
xiao hoမှာ ရှိနေတယ်...."မင်္ဂလာဦးညမှာ သူမဖွင့်ပြောခဲ့တဲ့
အမှန်တရားတစ်ခုက ကျွန်တော့်ကို
ခြောက်လှန့်စေခဲ့သည်...
သူ့ကိုယ်စား လောကကြီးက ပေးသော
ကျွန်တော့်အတွက် ပြစ်ဒဏ်ထင်ပါသည်...Xiao ho ချစ်သူရဲ့အသက်ကို ခြိမ်း
ခြောက်ကာ ကျွန်တော်နဲ့လက်ထပ်
ခိုင်းခဲ့သည်ဟု ငိုယိုကာ ခွင့်လွှတ်ဖို့
တောင်းခံနေတဲ့ သူမကိုကြည့်ကာ
ထိုညက အသက်မဲ့သူတစ်ယောက်လို
ကျွန်တော်ထိုင်နေမိခဲ့သည်...."သားလေး မွေးပြီးလို့ တစ်နှစ်ပြည့်
ရင် xiao ho ကိုကို့ကို သွားရှာမယ်
...ပြီးရင် အကို့ကို xiao ho ကွာရှင်း
ပေးပါ့မယ်..အဲ့ဒီအထိပဲ xiao ho
ကို ကူညီပေးပါနော်..."ကျွန်တော်ခေါင်းညိမ့်ကာ လက်ခံ
လိုက်မိသည်..
အလွယ်တကူပေးခဲ့မိတဲ့ ဂတိတစ်ခု
ကြောင့် ကျွန်တော့်ဘ၀ကြီး ဆိုးရွား
သွားခဲ့မယ့်လို့တော့ ကျွန်တော်တစ်ခါ
တောင်မတွေးခဲ့ဘူးပါ...
VOUS LISEZ
Careless||season-2||[complete]Xingho
Fanfictionလူတစ်ယောက်ကို နှစ်ပေါင်းများစွာ စောင့်မျှော်ခဲ့ဖူးသလား....? ငေးကြည့်ခွင့်သာရခဲ့တဲ့ ချစ်ခြင်းတွေနဲ့ တင်းတိမ်ခဲ့ဖူးသလား....? Hyper Lunacy's season-2..... Z+U