Zawgi...
ကျွန်တော့်မှာ မပိုင်ဆိုင်တာတွေ သိပ်
များတယ်....
နံပါတ်တစ် လည်း မင်း၊နံပါတ်နှစ် လည်း
မင်း ဆိုတာမျိုး.....အချစ်က ကောင်းကင်လို အရောင်
ပြောင်းသလား...
တိမ်တွေလို ထွက်ပြေးသလား....ချစ်တဲ့လူတိုင်း ရှုံးကြတယ်.....
လူတိုင်းက ကျရှုံးရမှာသိပ်ကြောက်တယ်....
ကျွန်တော်ကတော့ သူ့ရှေ့မှာအကြိမ်ကြိမ်
ရှုံးတယ်....နီးပါစေလို့ ဆုတောင်းရင်း ဝေးသွားကြ
တာကိုမြင်ဘူးသလား...
ဥပမာ-နေမင်းနဲ့ နေကြာတွေလိုပေါ့..."နိုးနေပြီမဟုတ်လား...jun...
ကိုယ်သိပါတယ်.....ထတော့လေ
နော်......"အနီးနားက အသံတိုးတိုးကြောင့်
စုံမှိတ်ထားတဲ့ မျက်ဝန်းတွေကို
ဖွင့်လိုက်သည်......."လာ....ကိုယ်ရေချိုးခန်းထဲ
လိုက်ပို့မယ်......."အိမ်ရဲ့ဖွဲ့စည်းပုံကို ကျွန်တော် ကောင်း
ကောင်းမှတ်မိသလို၊ကိုယ်တိုင်လည်း
သွားနေကြပေမဲ့၊သူ့ရဲ့ ဖေးမမှုကိုတော့
အခုချိန်လိုအပ်တယ်.....အမှတ်မရှိတဲ့လူကိုပြပါဆိုရင်
သေချာတယ်..အဲ့ဒါကျွန်တော်ပါပဲ...."တူနာ sandwich လေး လုပ်ထား
တယ်....မင်းသိပ်ကြိုက်တယ်မဟုတ်
လား....suho"လက်ထဲအဆင်သင့်ရောက်လာတဲ့
sandwich လေးကို အသာဖိကိုက်
လိုက်သည်......."ကောင်းတယ်မဟုတ်လား....."
ကျွန်တော် ခေါင်းအသာညိမ့်ပြလိုက်
ပြီး ဖြေးဖြေးချင်းဝါးနေမိသည်......ပြောစရာစကား ပျောက်ဆုံးနေတဲ့
ကျွန်တော်တို့အခြေအနေက လို
တာထပ်ပိုပြီး တိတ်ဆိတ်လို့နေခဲ့တယ်...."ကိုယ်........."
သူ့ထံက ထွက်လာတဲ့ စကားသံတိုးတိုး
က သိပ်မကြာခင်မှာပဲ ပြန်လည် တိတ်
ဆိတ်သွားပြန်တယ်.....

BẠN ĐANG ĐỌC
Careless||season-2||[complete]Xingho
Fanfictionလူတစ်ယောက်ကို နှစ်ပေါင်းများစွာ စောင့်မျှော်ခဲ့ဖူးသလား....? ငေးကြည့်ခွင့်သာရခဲ့တဲ့ ချစ်ခြင်းတွေနဲ့ တင်းတိမ်ခဲ့ဖူးသလား....? Hyper Lunacy's season-2..... Z+U