အပိုင်း၁၅

925 122 44
                                    

Zawgi....

စိတ်​နဲ့ပဲ လှမ်းချစ်​ရတဲ့ ငါ့အချစ်​​တွေ
က ​တောင်းတမှုကင်းမဲ့ပါတယ်​...

ကမ္ဘာ​ပေါ်မှာ မင်းစိတ်​နဲ့အသက်​ရှင်
နေတဲ့ လူသားတစ်​​ယောက်​ဟာ ငါ
ပါပဲ...

မင်းအပြုံးကို ရက်​ရက်​​ရော​ရော မြင်
နေရတဲ့ အဲ့မိန်းက​လေးက သိပ်​ကံ
ကောင်းတာပဲလို့ ငါထင်​ပါတယ်​...

ငါသာဆိုရင်​ မင်းရဲ့အပြုံး​တွေ
ပျောက်​ကွယ်​မသွား​အောင်​ အ
စွမ်းကုန်​ကြိုးစားမိမယ်​ထင်​တယ်​..

တစ်​ကယ်​ကြီး မင်းရဲ့အနားမှာ
ရှင်​သန်​ခွင့်​ရခဲ့တဲ့ အဲ့ဒီမိန်းက​လေး
ဟာ သိပ်​ကံ​ကောင်းတာပဲရယ်​လို့
ငါတိတ်​တဆိတ်​အားကျရုံမှတပါး....

တစ်​စုံတစ်​​ယောက်​ကို ဘာမှမ
မျှော်​လင့်​ပဲချစ်​​နေ​ပေးဖို့ဆိုတာ
ကလွယ်​ကူတဲ့အလုပ်​မှမဟုတ်​ပါပဲ
လေ...

ခွဲခွာဖို့သက်​သက်​ မင်းကိုချစ်​ခဲ့
တာ မဟုတ်​ပါပဲနဲ့..
သေမတက်​ချစ်​ခဲ့​ပေမဲ့ အဆုံး
သတ်​မှာ ငါ​သေမသွားခဲ့ဘူးပဲ..
ငို​ကြွေးဖို့အတွက်​ မင်းကိုချစ်​ခဲ့
တာလည်း မဟုတ်​ပါပဲနဲ့..

ဘာလိုနည်းနဲ့ပဲဖြစ်​ဖြစ်​ ထားသွား
ရမှာ သိ​နေရဲ့နဲ့ အဲ့​လောက်​ထိ မ
ချစ်​ခဲ့သင့်​ဘူး ထင်​ပါတယ်​...

ချစ်​ခဲ့​ပေမဲ့ မင်းဘက်​က မလုံ
လောက်​ခဲ့ဘူးနဲ့ တူပါတယ်​..
အဲ့လိုမဖြစ်​နိုင်​ခဲ့တဲ့ ငါ့ကိုခွင့်
လွှတ်​​ပေးပါ..

"Suho...."

ကြားရဲ့နဲ့...သူ့ရဲ့ အသံချိုချိုကို
ကြားရဲ့နဲ့...သူ့မျက်​နှာ​လေးကို
မြင်​ချင်​ရဲ့နဲ့...အားတင်​ထားတဲ့
ခြေလှမ်း​တွေနဲ့ ခြံပြင်​ကို ထွက်​ဖို့
ပဲ ကျွန်​​တော်​ကြိုးစား​နေမိတယ်​..

"Suho...ဟုတ်​သားပဲ..ကိုယ်
ခေါ်​နေတာ ဘာလို့လှည့်​မကြည့်
တာလဲ...."

လက်​တစ်​ဖက်​ကို ဆွဲကာ လှည့်
လိုက်​တဲ့ သူ​ကို ​​ငေး​မောကြည့်
မိသည်​....

မအိပ်​ပဲအိမ်​မက်​မက်​​နေတဲ့
ခံစားချက်​မိုးဖြစ်​​နေခဲ့တယ်
ဆိုတာ ငါမသိခဲ့ပါပဲ...

Careless||season-2||[complete]XinghoWhere stories live. Discover now