အပိုင်း၇

1K 131 25
                                    

Zawgi...

ကျွန်​​တော်​က​တော့ လက်​ပြနှုတ်​ဆက်​ပြီး
ကျန်​ရစ်​ခဲ့ရမဲ့ ဘ၀ထဲကရုန်းထွက်​ချင်​တယ်​..

ခွေး​လေး​တွေ၊​ကြောင်​​လေး​တွေကို​တောင်
သံ​ယောဇဉ်​တွယ်​လွန်းတက်​တဲ့ ကျွန်​​တော်
က ဘယ်​သူ့ကိုမှထပ်​ပြီး ချစ်​မပြချင်​​တော့ပါ
ဘူး...

ချစ်​ပြလွန်းရင်​ ပစ်​ချခံရတက်​တယ်​....

နာကျင်​ခြင်း​တွေကို တနင့်​တပိုးထမ်းထား
ပြီး ကျွန်​​တော်​က သူ့အနားမှာ အမှတ်​မရှိ
ပျော်​ရွှင်​ချင်​​နေ​သေးတယ်​.....

နီးစပ်​ပြီးတိုင်း ပြန်​လည်​ခွဲခွာရမဲ့ ​တွေ့ဆုံ
ခြင်း​တွေအတွက်​ ကျွန်​​တော်​အဆင်​သင့်
မဖြစ်​​သေးဘူး.....

"နိုးပြီလား.....ho​လေး...လာထိုင်
.....​ကော်​ဖီနဲ့မုန့်​ပဲပြင်​ထား​ပေးတယ်
နော်​....."

Xiumin hyung ရဲ့ ဂရုတစိုက်​​မေး
မြန်းခြင်း​ကို ​ခေါင်းညိမ့်​ပြုံးပြကာ ထိုင်
ခုံ​ပေါ်ဝင်​ထိုင်​လိုက်​သည်​။

"Ho​လေးလဲ အ​တော်​အသားကျ​နေပြီ
ပဲ....hyung အကူအညီမယူလဲ ဖြစ်
ပြီလား....."

သက်​ပြင်းချသံဖွဖွနဲ့​မေးလာတဲ့ hyung
အသံက စိတ်​မချခြင်း​တွေများစွာ ကပ်​ငြိ
လို့​နေသည်​။

"ဘာကိစ္စရှိလို့လဲ hyung...​ပြောပါ...
ကျွန်​​တော့်​ကို အားမနာပါနဲ့....."

"Hyung...​ပေကျင်းကို ခဏပြန်​ရမယ်
...ဟိုဆိုင်​မှာ ကိစ္စနည်းနည်း​ပေါ်​လို့...
Ho​လေးကို တစ်​​ယောက်​ထဲထားခဲ့ရ
မှာလဲ စိတ်​မချဘူး....chen​လေးကိုပဲ
လာ​နေခိုင်းလိုက်​ရမလား...."

လည်​ပင်းတစ်​​လျောက်​ စီးဝင်​သွားတဲ့
ခါးသက်​သက်​​ကော်​ဖီ အရသာကိုခံ
စားရင်း ​ခေါင်းခါပြလိုက်​မိသည်​။

"ကျွန်​​တော်​ တစ်​​ယောက်​ထဲ အဆင်
ပြေပါတယ်​....."

အဆင်​မ​ပြေရင်​​တောင်​ ကျွန်​​တော်
အဆင်​​ပြေ​အောင်​ ကြိုးစားပြီး​နေပါ့
မယ်​...

တစ်​စုံတစ်​​ယောက်​ကိုထပ်​ပြီး ကျွန်
တော့်​​ကြောင့်​ ဒုက္ခမ​ရောက်​​စေချင်
တော့ပါ...

Careless||season-2||[complete]XinghoNơi câu chuyện tồn tại. Hãy khám phá bây giờ