အပိုင်း၅

1.2K 146 12
                                    

Zawgi...

Winter Sonata-from the beginning until now

Season-2.....

အချစ်​က နာကျင်​ရတယ်​ ထင်​ပါတယ်​...
အချစ်​ကချစ်​မိသ​လောက်​ နာကျင်​ရတယ်
ထင်​ပါတယ်​.....

ဒဏ်​ရာ​တွေကြီးပဲ​ပေး​နေတာ​တောင်
အဆင်​​ပြေတယ်​တဲ့..
နာကျင်​ရပြီး ထပ်​ပြီးနာကျင်​ရလည်း
အဆင်​​ပြေပါတယ်​တဲ့....

မျက်​လုံး​တွေကို ဖွင့်​လိုက်​​ပေမဲ့လည်း
မြင်​နိုင်​စွမ်းမဲ့သူအဖို့ အထူးတစ်​လည်
တော့ ရှိလှတယ်​မဟုတ်​ဘူး....

မနီးမ​ဝေးက အသံသဲ့သဲ့​ကြောင့်​ နှုတ်
ခမ်းလှုပ်​ကာ အသံထွက်​​အောင်​ အား
စိုက်​လိုက်​သည်​.....

"Hyung......."

"Suho.....နိုးလာပြီလား....."

မကြားချင်​တဲ့အသံတစ်​ခုမဟုတ်​​ပေမဲ့
ကြားဖို့အသင့်​မဖြစ်​​သေးတဲ့ အသံချို
ချိုက အနား​ရောက်​လာတယ်​.....

"ဘယ်​​ရောက်​​နေတာလဲ......"

ခြောက်​ကပ်​ကပ်​လည်​​ချောင်းကို
အားယူကာထွက်​လာတဲ့ သူအသံ
က အက်​ကွဲလို့​နေတယ်​.....

"​ဆေးရုံမှာ​လေ suho...မင်း​မေ့သွား
တာမှတ်​မိတယ်​ မဟုတ်​လား......"

Suho ​ခေါင်းအသာညိမ့်​ပြလိုက်​ပြီး
အခန်းထဲ​ဝေ့၀ဲ​နေတဲ့ ​ဆေးနံ့တစ်​ချို့
ကို တစ်​၀ကြီးရှူရှိုက်​လိုက်​သည်​......

"ကိုယ်​ ​တောင်းပန်​ပါတယ်​........."

အချိန်​ရှိတိုင်း ​တောင်းပန်​​နေတဲ့
Yixing ကို သူစိတ်​ပျက်​မိသည်​...

"ငါဘ၀နဲ့ငါ အသားကျ​နေပြီပဲ
....ဘာလို့အခုမှလဲ yixing......"

အေးစက်​လွန်းလှတဲ့ suhoအသံ
ကြောင့်​ ကုတင်​ထက်​က လက်
လေးထံ ထိကိုင်​ဖို့ကြိုးစား​နေတဲ့
Yixing လက်​​တွေ ​လေထဲမှာ ရပ်
တန့်​ကုန်​ကြတယ်​......

"ဘာလို့လဲ......အကြာကြီး​နေမှ
ပြန်​​တွေ့ရတဲ့ငါက မျက်​မမြင်​ဖြစ်
နေလို့ သနား​နေတာလား......"

ဒီ​မေးခွန်းက သူအ​ဖြေမလို​ပါ..
အကြာကြီး​ဝေးကွာ​နေခဲ့ရပြီး အချိန်
တိုင်းလွှမ်း​နေခဲ့ရတဲ့ လူတစ်​​ယောက်
ရဲ့ မျက်​နှာကို​တောင်​ ​တွေ့ခွင့်​မရတဲ့
သူဘ၀က ဘယ်​​လောက်​​တောင်​မှ
စိတ်​ပျက်​စရာ​ကောင်းလိုက်​သလဲ....

Careless||season-2||[complete]XinghoWhere stories live. Discover now