Unicode
Jeon Jung Kook ခရီးထွက်သွားသဖြင့် Tae တယောက် စိတ်သက်သာရာရနေသည်။ မနေ့က သွားတာမို့ ဒီည ပြန်ရောက်မည် ထင်သည်။ ဘာကြောင့်များ ခရီးက ၂ ရက်တည်းထွက်ရတာပါလိမ့် ။
“ Tae Hyung လေး ... “
“ ဟုတ် အဒေါ်ကြီး “
“ အဒေါ်ကြီး ယောကျ်ား ဆေးရုံတင်ထားရလို့ ဖြစ်နိုင်ရင် ဒီနေ့ ပြန်လို့ရလား ... လုပ်စရာရှိတာ အကုန်လုပ်ပေးခဲ့မယ်လေ “
“ ရပါတယ် အဒေါ်ကြီးရဲ့ ... သွားလေ “
“ အကိုလေးကိုလဲ နားလည်အောင်ပြောပေးပါအုံးနော် သူ ဒီနေ့ပြန်လာမယ်ဆို “
“ ဟုတ်တယ် ညလောက်မှရောက်မယ် ထင်တယ် ... စိတ်မပူပါနဲ့ ကျွန်တော်ပြောပေးပါ့မယ် “
“ ကျေးဇူးပါပဲကွယ် “
အဒေါ်ကြီးမရှိရင်တော့ ဒီအိမ်ကျယ်ကြီးထဲမှာ သူပဲကျန်ခဲ့မည်။ ခြံထဲမှာတော့ အစောင့်တွေရှိသည်။
သူသိသလောက် အနည်းဆုံး ၃ ယောက်လောက်ရှိမည်။ဧည့်ခန်းမှာထိုင်ကာ အတွေးများနေတုန်း မြည်လာတဲ့ဖုန်းသံကြောင့် နံရံကနာရီကိုလှမ်းကြည့်မိသည်။
မနက် ၁၀ နာရီ !!
ဒီအချိန်က Jimin Hyung ဆက်နေကျအချိန်မဟုတ် ...
“ ဟဲလို “
“ Tae လေး “
“ ဟုတ် အကိုလေး “
“ ကိုယ် အလုပ်တွေမပြတ်လို့ ဒီမှာ ၁ ရက် ၂ ရက်လောက် ထပ်နေရမယ် ထင်တယ် “
“ ဟုတ်လား ပင်ပန်းနေတော့မှာဘဲ “
“ ကလေးက ကိုယ့်အနားမရှိတော့ ပိုပင်ပန်းတယ် “
ခပ်မဲ့မဲ့အပြုံးတခု Tae Hyung ပြုံးလိုက်မိသည်။ ခင်ဗျားရဲ့ ဆန္ဒတွေအတွက် အသုံးချဖို့ တမ်းတနေတာမလား။
“ ကျွန်တော်လဲ သတိရတယ် အကိုလေးကို “
“ ကိုယ်စိတ်ချမယ်နော် Tae … နောက်မှဖုန်းထပ်ဆက်မယ် အခု အချိန်မရလို့ “
“ ဟုတ် “
အဒေါ်ကြီးခွင့်ယူထားသည့်အကြောင်းကိုတော့ သေချာမပြောလိုက်ပါ။
တော်ကြာ စိတ်မချဘူးအကြောင်းပြကာ အမြန်ပြန်ရောက်လာရင်မခက်ပါလား ။