12

22.5K 1.7K 77
                                    

Unicode

လှေကားပေါ်က ဆင်းလာသော ကောင်ငယ်လေးသည် ဂျင်းဘောင်းဘီ မိုးပြာရောင်လေးနှင့် သခွါးရောင် စပို့ရှပ်တို့ဖြင့် မနက်ခင်းမှာ လန်းဆန်းလွန်းလှသည်။
ဝါကျင်ကျင် ဆံပင်မွှေးလေးတွေက နဖူးပေါ် ဝဲဝဲလေးကျလို့ .........

“ ကျွန်တော်ပြီးပြီ Jung Kook “

“ ကိုယ်ဝယ်ပေးတဲ့ အင်္ကျီတွေက မင်းနဲ့ အဲ့လောက်ထိ လိုက်နေမယ်ဆို ကိုယ်မဝယ်ပေးခဲ့သင့်ဘူး “

“ Jung Kook ! “

“ ဟုတ်တယ်လေ ... သူများဝိုင်းကြည့်မှာ မနာလိုပါဘူး “

“ ကျွန်တော် တခြားအင်္ကျီ ပြန်လဲလိုက်မယ်လေ “

“ ထားလိုက်ပါတော့ လာသွားစို့ “

ချစ်ရသူကိုတင်ဆောင်ထားခဲ့သောကားလေးသည် လမ်းမထက်မှာ အရှိန်ဖြင့် ပြေးနေလေသည်။

“ Jung Kook ဘယ်ကိုသွားမှာလဲဟင် “

“ ရောက်တော့မှာ ကလေးရဲ့ “

“ ပြောပြလိုက်တာမဟုတ်ဘူး “

“ ရောက်ပြီ “

ကြီးမားသော အဆောက်အအုံကြီးတခု
လူတွေလဲ ပျားပန်းခတ်လို့...
Shopping mall တခု !
ဘာတွေထူးဆန်းလို့ ဒီနေရာကိုလျှို့ဝှက်နေတာတုန်း

စူပုပ်ပုပ်လေးကို Jung Kook ရိပ်မိသည့်နှယ်

“ ဈေးဝယ်လာတယ်ထင်နေတာလား “

“ ဒါဆို ဘာလာလုပ်တာလဲ “

“ အပေါ်ထပ်မှာ ရုပ်ရှင်ရုံရှိတယ် ... ဟိုတနေ့က ကလေးကြည့်ချင်တယ်ဆိုတဲ့ကာတွန်းကား ရုံတင်နေပြီ “

“ ဟင် ... အဲ့ဒါဆို ကျွန်တော် ကြည့်ရမှာပေါ့ “

“ အင်းပေါ့ “

“ အားးး ပျော်လိုက်တာ Jung Kook ကို သိပ်ချစ်တာပဲ “

ပေါက်ပေါက်ဘူးနဲ့ cola ကို ကိုင်ထားရင်း ကျေနပ်နေတဲ့မျက်နှာက အထင်းသား

သိပ်ချစ်ဖို့ကောင်းသည်။
မျက်ဝန်းလေးတွေမှေးစင်းသွားသည်အထိ ရီလိုက်လျှင် ပီဘိကလေးငယ်လေးအသွင်။
မြတ်နိုးရသော ထိုလူသားလေးသည် သူ့အား အလုံးစုံပြောင်းလဲ စေခဲ့သည်။

Faith (Completed)Where stories live. Discover now