Unicode
သူသာ Hyung ကို တော့ပိုကီစားဖို့ မပြောခဲ့မိလျှင်။
Jeon Jung Kook တွေ့သွားနိုင်သည်ကို နည်းနည်းဖြစ်ဖြစ် စိုးရိမ်ခဲ့လျှင် …………ငရဲနဲ့တူသော ထိုအိမ်ကြီးထဲသို့ နောက်တကြိမ်ခြေချရပြန်ပြီပေါ့။ ရက်စက်မှုတွေနဲ့ ရင်းနှီးဖူးပေ့မဲ့လည်း ကြောက်ရွံ့မှုကတော့ရှိနေမြဲ။ တိတ်ဆိတ်ခြင်းကဆီးလို့ကြိုနေသည်က ပို၍ခြောက်ခြားဖွယ်။ ဧည့်ခန်းရဲ့အလယ်မှာ တောင့်တောင့်လေးရပ်နေမိသည်က အတော်ကြာပြီ။
Jeon Jung Kook ကတော့ ခြံထဲမှာ သူ့တပည့်များကို ဘာတွေမှာတမ်းခြွေနေလဲမသိ ဝင်မလာသေး။ သူ … သူဝင်လာရင် ဘယ်လိုနှိပ်စက်မှုတွေလုပ်မလဲမသိ။ အတွေးနဲ့တင်သွေးပျက်လှပြီ။
ခါးဆီမှတင်းကျပ်မှုကို ခံစားလိုက်ရသလို Tae Hyung နောက်ကျောပြင်သည်လည်း ရင်ငွေ့နွေးနွေးနဲ့ ပူးကပ်မိသွားသည်ကို ခံစားလိုက်ရသည်။ အံ့အားသင့်စွာ သူ့ခါးကို ယှက်သိုင်းထားတဲ့ သန်မာတဲ့လက်အစုံကိုငုံ့ကြည့်ရင်း ရုန်းမည်တွေးပြီးမှ ...
ငါ့မှာငြင်းဆန်ခွင့်ရှိခဲ့ဖူးလို့လား။
Jeon Jung Kook နဲ့ပတ်သက်တိုင်း ငါ့ဆန္ဒဆိုတာ အရေးပါခဲ့လို့လား ………“ ခဏလောက် ဒီတိုင်းနေမယ် “
ခပ်ပြတ်ပြတ်ဆိုလိုက်တဲ့ Jung Kook စကားသံဟာ ဟိုးကတည်းက သူ မလွန်ဆန်နိုင်တဲ့အမိန့် …
ဂုတ်သားနုနုဆီက နွေးခနဲအရာတခုဟာ နှုတ်ခမ်းတစုံမှန်း ခန့်မှန်းမိပေ့မဲ့ မဖြစ်နိုင်ဟု တွေးလိုက်မိသည်။ သူအထင်မှားတာပဲဖြစ်မှာပါ။ Jeon Jung Kook ဟာ ဘယ်တုန်းက နူးညံ့ဖူးလို့လဲ ??
ထိုခဏ ရှိုက်သံသဲ့သဲ့က နားထဲတိုးဝင်လျက်။
ဟင် …………
သူငိုနေတာလား။
ဘာဖြစ်လို့လဲ ။
ငါ ထွက်ပြေးသွားလို့လား ……
သူနှိပ်စက်ဖို့ လူ တယောက် ဆုံးရှုံးရရင်တောင် ငိုဖို့မလို ဒေါသထွက်တာပဲဖြစ်သင့်သည်။တဖြည်းဖြည်းပြေလျော့သွားတဲ့ လက်တွေ ……
ထို့နောက် တိတ်ဆိတ်စွာ ……
သူဘာကြောင့်များငိုနေတာလဲ သိချင်ပေ့မဲ့လှည့်မကြည့်မိ။ အကြောက်လွန်ပြီး မလှုပ်ရှားနိုင်တော့တာလား။