8

25.8K 1.9K 77
                                    

Unicode

“ အလုပ်သွားမလို့လား “

“ အင်း ညနောက်ကျချင်ကျမှာ မစောင့်နဲ့တော့ စားနှင့် “

အံ့သြဖို့ကောင်းလိုက်တာ။
တသက်လုံး သူ့ကိုမစောင့်ရင် ဒေါသထွက်နေကျလူက အခု မစောင့်နဲ့တော့တဲ့လား။
အဖျားပိုးက ခေါင်းထဲရောက်သွားလေသလား။

“ ခင်ဗျားနေလဲ သိပ်မကောင်းသေးဘဲနဲ့ “

တကယ်ဆို လုံးဝကိုမကောင်းသေးတာပါ။
ပေကပ်ကပ်နဲ့ ပြောရခက်ကာ ဆေးကိုမသောက်။
ကိုယ်ကလဲ သူ့ကိုကြောက်ရသူဆိုတော့ ဇွတ်မပြောရဲ။
အဲ့လိုနဲ့ အဖျားက သိပ်မကျသေး...

“ ကိုယ် သက်သာနေပါပြီ ... အလုပ်က မန်နေဂျာဆီက ဖုန်းဝင်လာတယ် တချို့ ပြသနာလေးတွေက ကိုယ်တိုင်ရှင်းမှ ဖြစ်မှာ “

“ အင်းပါ “

“ Tae !! “

“ ထွက်မသွားပါနဲ့နော် “

နွမ်းဖတ်စွာပြောလာတဲ့ သူ့ပုံစံဟာ ရင်ကိုလှုပ်ခတ်စေခဲ့သည်။ သူ ဘာဖြစ်နေတာလဲ။

“ ကျွန်တော် မသွားပါဘူး “

“ ဒါဆို ကိုယ်သွားပြီ “

ထိုနေ့က သူနောက်ကျမှပြန်မယ် ပြောခဲ့ပေ့မဲ့ တကယ်တော့ ညထိ သူပြန်မလာခဲ့ပါ။
မစောင့်နဲ့လို့မှာခဲ့ပေ့မဲ့ ထိုင်စောင့်နေခဲ့မိသည်မှာ မနက်မိုးလင်းသည်အထိ။
လူဆိုသည်မှာလဲ ခက်သားး
စောင့်ပါဆိုတုန်းက ကလန်ကဆန်နှင့် ...
မစောင့်ပါနဲ့ဆိုတော့ မျှော်နေမိသည်လေ .........

အရင်တုန်းက နှိပ်စက်သမျှ ခုကျတော့လဲ သူ့ကို နှိပ်စက်ဖို့တောင် အဖက်မလုပ်အား။

အခုလိုမျိုး အခြေအနေဟာ ပိုကောင်းပေ့မဲ့ သူဘာလို့ အသားမကျသလိုခံစားရတာလဲ?
ဘာလို့သူပြန်လာမှာကို မသိစိတ်က မျှော်လင့်နေမိတာလဲ?

“ အကိုလေး မနေ့ညက ပြန်မလာဘူးလား “

“ ဟုတ်တယ် အဒေါ်ကြီး ဟင်းတွေ သွန်ပစ်လိုက်တော့ ... “

“ ဒါနဲ့ Tae Hyung လေး ညကတည်းက ဧည့်ခန်းထဲမှာအိပ်တာလား “

“ အင်း ဟုတ်တယ် သူပြန်လာမယ်ထင်လို့ စောင့်နေတာ “

Faith (Completed)Where stories live. Discover now