Unicode
“ Jung Kook ဒီနေ့ Company သွားမှာလား “
“ အင်းပေါ့ “
“ ဟင်းး ကျွန်တော် တော့ပျင်းနေတော့မှာပဲ “
“ ကိုယ် စောစောပြန်လာမယ်နော် “
“ အင်းပါ ဘာမှဖြစ်ဘူး ကျွန်တော်ကဒီတိုင်းပြောလိုက်တာ “
မနက်စာ စားပြီးနောက် Jung Kook ထွက်ခ့ဲလိုက်သည်။
Tae လေးက အရင်ကထက်သူ့ကို ပိုသံယောဇဉ်ကြီးလာသလို အရမ်းလဲ ကပ်တွယ်တတ်လာသည်။ သူလိုချင်ခဲ့တာလဲ ဒီပုံစံပဲလေ ။ Tae က သူတယောက်အတွက်ကလွဲလို့ ကျန်တာ ဘာမှ မသိ စိတ်မဝင်စားဘဲ သူ့အတွက်သာ အသက်ရှင်နေတ့ဲသူဖြစ်စေချုင်တာ။ခုလို အချစ်တွေပွင့်ထွက်လာပြီးနောက်မှာတော့ Tae လေးဟာ ကလေးတယောက်လိုပဲ ဆိုတာသိလာခဲ့ရသည်။
အင်းလေ အသက်ရွယ်အားဖြင့်ဆိုလဲ ကလေးပါပဲ!
16 စွန်းစွန်းသာရှိသေးတဲ့ကောင်လေး …သူလေးလဲပျင်းရှာမှာ !
ကျောင်းပြန်တတ်ခိုင်းရမလား။ မဖြစ်သေးပါဘူး တခြားသူတွေနဲ့တွေ့ပြီး Tae သူ့ကိုပစ်သွားရင်ရော,ကိုယ့်အတ္တနဲ့မင်းကိုပိတ်လှောင်မိပြန်ပြီကလေး ……
အဆောက်အဦးတခုရှေ့အရောက် သူ့ကားလေးကိုရပ်လိုက်မိသည်။ ကားပါကင်ထိုးပြီးနောက် ဓါတ်လှေကားသို့ဝင်ကာ 12 ထပ် မြောက်ဆီသို့ ………
ကော်ရစ်တာတလျှောက် လျှောက်လာရင်း အခန်းတခုရှေ့ရောက်တော့ လူခေါ်ဘဲလ်ကို အသာနှိပ်ကာ ရပ်စောင့်နေလိုက်သည်။
မကြာပါ။ ပွင့်လာသောတံခါးချပ်နောက်မှာ အိပ်မှုန်စုန်ဝါးရုပ်နဲ့ မျက်နှာပိုင်ရှင်။“ မင်းပါလား … ထူးထူးဆန်းဆန်း “
“ ခုထိအိပ်နေတုန်းလား “
“ ဒါ ငါ့အိပ်ချိန်ပဲလေ ဝင်ခ့ဲ “
“ Hyung အလုပ်မသွားဘူးလား “
“ တခါတလေတော့လဲ သွွားပါတယ် “
“ ဟင် … Hyung ကလည်း “
“ ဟ … ငါ့ အလုပ်မသွားလဲ ဘာအရေးလဲ … အချိန်တန် ငါ သူတို့ကိုလစာပေးနိုင်ရင် ကျေနပ်ကျမှာဘဲ !! “