Ch 6 (Zawgyi+Unicode)

513 92 15
                                    

Chapter 6 (Mixed Feelings)

Zawgyi

Chaing Mai မြို့ရဲ့ ကောင်းကင်က ကြည်လင်လျက် ရှုပ်ထွေးလှသော မြို့ပြနဲ့မတူ လတ်ဆတ်သော လေထုက လူတို့၏ စိတ်အစဉ်ကို
အေးမြစေ၏ ~~
✈လေဆိပ်တွင် လူအများပြားဖြင့် ရှုပ်ထွေးလျက်ရှိသည် ~~ ယနေ့ ပရဟိတလုပ်ငန်းပေးကြရန် မနက်အစော လေယာဉ်ဖြင့် Rico ဝန်ထမ်းများ Chaing Mai သို့
ရောက်ရှိနေကြပြီဖြစ်သည် ~ ယနေ့၏ အဓိက ဇာတ်ဆောင်တစ်ဖြစ်လဲ Rico ၏ CEO အပါဝင် ဝန်ထမ်းအယောက် ၂၀ ခန့် လိုက်ပါလာကြ၏ ~~ မြို့ထဲနှင့် မလှမ်းမကမ်းတွင် ရှိသော Light မိဘမဲ့ဂေဟာသို့ သွားရန် လေဆိပ်အနီးတွင်ပင် လူ ၃၀ ထက် မနည်း ဆန့်ဝင်သော အဲကွန်းဘတ်စ်ကားက အရန်သင့် ~~

လူအရေတွက် စစ်ဆေးပြီးနောက် Pon က

Pon : P'Min က Boss နဲ့ တူတူ သွားမှာမလား? အ့ဆို Pon တို့ သွားနှင့်တော့မယ်နော်~ ဟိုမှာ ဆုံကြမယ်
Gun : အင်း Nong

ယနေ့ စတွေ့ကတည်းက သူတို့ ၂ယောက်ကြားထဲ
လေထုက အေးစက်နေ၏ ~ အကြောင်းကား Mark တိတ်ဆိတ်နေမိသောကြောင့်သာ ~~ မနေ့ညက
မေးခွန်းတစ်ချို့က ခေါင်းထဲ ဆက်ရှိနေသေးတာကြောင့် Min ဆိုသူက သူ့ကို ခေါင်းကိုက်စေသည် ~~

Gun ကား နောက်ခန်း တံခါးကို အလိုက်တသိ ဖွင့်ပေးလိုက်ပေမဲ့ တစ်ဖက်လူက ရှေ့ခန်း တံခါးကို ဘာသာဖွင့်၍ ကားထဲသို့ ဝင်သွားချေပြီ ~~ ယနေ့မနက်ကတည်းက စကားတစ်လုံးမှမစလာသည့်အပြင် ~ အနည်းငယ် မာကြောနေသော မျက်နှာထားကြောင့် Gun လဲ အလိုက်တသိ တိတ်တိတ်ဆိတ်ဆိတ်သာ နေပေးလိုက်၏ ~ ယခုလဲ သူ့ကို လစ်လျူရှူလျက် ရှေ့ခန်း Driver နေရာတွင် အခန့်သား ဝင်ထိုင်နှင့်ပြီးလေသည်

Gun Pov :: ( ငါလဲ ဘာအမှားမှ မလုပ်ထားပါဘူး ~  ဒါမှ မဟုတ် ငါနဲ့ တူတူ မသွားချင်ဘူးဆိုတဲ့ သဘောလား? အဲ့ဆိုလဲ ကြိုပြောတာ မဟုတ်ဘူး ~ )

ဝန်ထမ်းများပါသော ဘတ်စ်ကားလဲ ထွက်ခွာသွားပြီမို့ ဤအနေထားနှငိ့ဆို Gun သီးသန့်ကားငှား၍ သွားရမည့် ကိန်းရှိသည် ~~

အတွေးတို့ကို လတ်စသတ်လိုက်ရင်း Gun ကားတံခါးကို အသာ ပြန်ပိတ်လိုက်ကာ ~
ရှေ့ခန်း Driver နေရာသို့ လျှောက်သွားလိုက်ရင်း ~~

UnEveN SidEsTahanan ng mga kuwento. Tumuklas ngayon