Ch 21- (Zawgyi)

204 28 1
                                    

  Chapter 21 (A Long Night)     

တစ်ဦးတည်းသောသူဖို့ သယ်ယူလာသော ပူနွေးနေဆဲဖြစ်သည့် ကော်ဖီခွက်ကို တစ်ချက် ကြည့်လိုက်ရင်း ဓာတ်လှေကားအလာကို စောင့်နေလိုက်သည်

Level 10
Level   9
Level   8  , 7, 6 ,..

Ph ringing  📲📱📱📱

        " Unknown Number"

        မသိတဲ့ နံပါတ်မို့ Gun တွေဝေ နေပြီးမှ ~~

Gun : Hello !

      " Hello! သား Gun လား? ဦးလေး Sam ကို ကယ်ပါဦး !!!!!!!  "

Gun : ဦးလေး Sam ဘာတွေ ဖြစ်နေတာလဲ? ကျွန်တော် ဦးလေးကို ပြီးခဲ့တဲ့ တစ်လလောက်ကတည်းက ဆက်သွယ်နေခဲ့တာ!

      " အသေးစိတ်ကို ဦးလေးတို့ တွေ့မှ ရှင်းပြမယ်လေ"

Gun : ဟုတ်ကဲ့ ! အ့ဆို ကျွန်တော်တို့ မနက်ဖြန်လောက် တွေ့ကြမလား ! ဦးလေး

       " ခု တွေ့ကြမယ်လေ ! သား! ဦးလေး Sam ဟိုးအရင်က အမြဲ တွေ့နေကျ ××× ဆိပ်ကမ်းက ဂိုဒေါင်မှာ စောင့်နေမယ်"

Gun : မနက်မှ တွေ့လို့ မရဘူးလား! ဦးလေး Sam! ခုက နောက်လဲကျနေပြီဆိုတော့ ...

       ရုတ်ချည်း ဆိုသလို သတင်းအစအနမရှိအောင် အဆက်အသွယ် ပျောက်သွားသော ဦးလေးSam နှင့် တွေ့ချင်သည် ဆိုသော်ငြား ယခုချက်ချင်းကျပြန်တော့  စောင့်နေမည့် တစ်ဦးသောသူကိုတွေးပူရင်း Gun သွားရန်က လွန်ဆွဲလျက် ~~

         " ခု တကယ် အရေးကြီးနေတယ်ဆိုနေ! မင်း ဒီကို အမြန် လာခဲ့ပေးမှ ရမယ် Gun!! "

       အမြဲတစေ သားဟု နူးနူးညံညံသုံးနှုန်းတတ်သူက  ရုတ်တရက် လေသံမာမာနဲ့ အခေါ်အဝေါ်ပါ ပြောင်းလဲသွားသောအခါ Gunစက္ကန့်ပိုင်းမျှ ငြိမ်ကျသွားသည်

      "သား ! ဦးလေး Sam တကယ် အရေးကြီးနေလို့ပါ ! ဦးလေး စောင့်နေမယ်နော်"

       အလျင်လိုနေသူမို့ စိတ်စောသွားခြင်းသာ ဖြစ်လိမ့်မည်ဟု Gun ဖြေတွေးလိုက်သည်

Gun : ဟုတ်ကဲ့ပါ ဦးလေး Sam ! ကျွန်တော် ခုဘဲ ထွက်လာခဲ့လိုက်ပါမယ်
.
.
.

        တစ်ဖက်မှ ချသွားပြီဖြစ်သော ဖုန်းလေးကို ဘောင်းဘီအိတ်ကပ်ထဲထည့်လိုက်ရင်း လက်ထဲက အနွေးဓာတ် လျော့ကျနေပြီဖြစ်သော ကော်ဖီခွက်လေးကို ငေးကာ Gun သက်ပြင်းချလိုက်မိသည် !

UnEveN SidEsWhere stories live. Discover now