Ch 15(Zawgyi+Unicode)

436 83 6
                                    

Chapter 15 (The Identity of Min)

Zawgyi

အစည်းဝေးပြီးပြီးချင်း Mark ရဲ့ ဦးတည်ရာက
တစ်ခုတည်း ! P'Gun ရှိနေမဲ့ Cafe ဆိုင်လေးသာ!
.
.
.
.
.
◇◇ UnEveN SidEs ◇◇

မှန် တံခါး ပေါ်တွင် ချိတ်ဆွဲထားသော
ဆည်းလည်းလေးကြောင့် Cafe ဆိုင်လေးထဲ တံခါးဖွင့်ပြီး ဝင်သွားလိုက်တယ်ဆိုရင်ဘဲ ဆိုင်ထဲရှိ အကြည့်
အများစုတို့က သူ့ဆီတွင် လာရောက်စုဝေး၏

ဆိုင်တွင်း ဧည့်သည့်တို့တော့ သိပ်ပြီး များများစားစား မရှိလှ ! သူ့ရဲ့ တစ်ဦးသောသူကို Mark ဝေ့ဝိုက်ရှာကြည့်မိပေမဲ့ အရိပ်ယောင်ပင်မတွေ့ !ခဏကြာတော့ ဆိုင်ရဲ့
နောက်ဘက်မီးဖိုချောင်ဘက်က ထွက်လာတဲ့ သူငယ်ချင်းဖြစ်သူ
Perthကို တွေ့လိုက်ရ၍ Mark သက်ပြင်းချရင်း ထိုနေရာသို့ ဦးတည် လျှောက်သွားလိုက်၏

Mark : Perth !

Perth : Mark ရောက်လာပြီလား?

Mark : P'Gun ရော

Perth : သူငယ်ချင်း တစ်ယောက်နဲ့တွေ့လို့ စကားပြော
မယ်ဆိုပြီး ထွက်သွားတာ ခုထိ ပြန်မလာသေးဘူး !

Mark :ထွက်သွားတာ ကြာပြီလား?

Perth : နာရီဝက်လောက်တော့ ရှိပြီထင်တယ်! ခဏနေ ပြန်လာလောက်မှာပါ ! ခဏ ထိုင်စောင့်လေ

Perth ပြောသောပြောရသည်! သူ့သူငယ်ချင်း ပုံစံက သ်ပ်ပြီး ဂနာငြိမ်ပုံမပေါ် !! ဖုန်းကို အမြန်ထုတ်ကာ အလုပ်
ရှုပိနေ၏

Mark : ဖုနိးလဲ မကိုင်ဘူး

Perth : စကားပြောနေတော့ ဖုန်းသံ မကြားတာလဲ ဖြစ်နိုင်တာဘဲ . . အရမ်းလဲ ပူမနေပါနဲ့ကွာ ! P'Gun က ကလေးမှ မဟုတ်
တာ. . အချိန်တန်ရင် ပြန်လာမှာပေါ့

ရင်ထဲက စိုးရိမ်မှု အပူကို သူကိုယ်တိုင်သာ အသိဆုံးမို့
Mark ဖုန်းသာ အဆက်မပြတ် ခေါ်နေမိသည် !
သူ့သူငယ်ချင်းကတော့ " ပိုလွန်းသည်" ဟူသော အကြည့်ပေးကာ ခေါင်းခါရမ်းလျက်!!!

၅မိနစ် ၁၀ မိနစ် ၁၅ မိနစ် 🕢🕔🕧

မိနစ် လက်တန့်တို့ တစ်ဖြည်းဖြည်း ကုန်ဆုံးသွားတိုင်း Mark စိတ်တို့က ပို၍ အစိုးမရ !! ဘယ်တစ်ပြန်
ညာတစ်ပြန် လျှောက်ကာ စိုးရိမ်ရေမှတ်က အမြငိ့ဆုံးအခြေနေ
သို့ ရောက်ရှိလာ၏

UnEveN SidEsWhere stories live. Discover now