Ch 12(Zawgyi+Unicode)

414 98 12
                                    

Chapter 12 (Right Before My Eyes)

Zawgyi

🌞🌞⛅🌹🌳
         နေမင်း၏ အလင်းရောင်သည် အခန်းထဲသို့ ဖြာကျလျက် နေ့၏အလင်းကို တစ်ဖန် ဆောင်ကျဉ်းလေချေပြီ ~~
    
        Gun အတော်လေးကို အိပ်ရေးဝဝအိပ်ပစ်လိုက်သည် ထင်၏ ~~ မျက်လုံးများကို အားယူစွာ ဖွင့်ကြည့်မိတော့ ကုတင်ဘေးနား ထိုင်ကာ သူ့ကိုကြည့်နေတဲ့ ထိုကောင်လေး Mark ! သူနောက်ဆုံး မှတ်မိတာက ကောင်လေးနှင့် ကားပေါ်တွင် အချေအတင်
ငြင်းခုံရင်း သူကားပေါ်က ဆင်းသွားခဲ့သည် !! ထို့နောက် မိုက်ခနဲတစ်ချက် ဖြစ်သွားပြီး သူ့ကမ္ဘာသည် အမှောင်အတိ ကျသွားခဲ့၏

       "နိုးပြီလား P' " ခေါင်းမူးနေတာမျိုးရှိလား"

      ကောင်လေး၏ မျက်နှာတွင် စိုးရိမ်မှုတို့ကို Gun အတိုင်းသား မြင်နေရပါ၏ ~~ စိတ်မပူစေလိုတာကြောင့် Gun ခေါင်းခါရမ်းပြလိုက်သည်

     လက်ကို အသာထောက်ကာ အိပ်ရာမှ ထမည်ပြုတော့ ကောင်လေးက သူ့လက်ကို ဆွဲကိုင်ကာ ဖေးမကူလာ၏

      ကုတင်ခေါင်းရင်းကို မှီရင်း အနေထားဖြင့် Gun စကားဆိုလိုက်သည်

Gun : ခု မင်းအိမ်ရောက်နေတာလား?

        Mark ခေါင်းတစ်ချက် ငြိမ့်ပြလိုက်၏....

Mark : မနေ့ညက ဒဏ်ရာရှိန်နဲ့ တစ်ညလုံး အဖျားတက်နေတော့ကျွန်တော် စိတ်ပူနေတာ ! ခု မျက်နှာလေး လန်းနေလို့ တော်သေးတာပေါ့

Gun : တစ်ညလုံး မအိပ်ရသေးဘူးလား?

Mark : P'က ဒီအခြေနေဖြစ်နေတာကို ကျွန်တော် ဘယ်လို အိပ်ပျော်မှာလဲ?

Gun : ကျေးဇူးပါ N'Mark

        ပြောင်းလဲသွားသော အခေါ်အဝေါ်တစ်ခုကြောင့် Mark အလိုလို ပြုံးမိသည်

Gun : ဒါပေမဲ့ နောက်တစ်ခါ မနေ့ကလို တူညီတဲ့ ကိစ္စမျိုး ထပ်ဖြစ်လာခဲ့ရင် မသိချင်ယောင်ဘဲ ဆောင်ပေးပါ !

       Gun တစ်ယောက် သူ့ရဲ့စကားလုံးတွေက တစ်ဖက်လူရဲ့ စိတ်ကို ဝမ်းနည်းဒေါသဖြစ်စေတယ်ဆိုတာ တကယ်ဘဲ မသိလေရောလား??

Mark : P'ကို ကျွန်တော် သဘောကျတယ်လို့
ပြောပြီးပြီလေ ! ကိုယ်သဘောကျနေတဲ့သူ ဒဏ်ရာရနေတာကို ဘယ်သူက လက်ပိုက်ပြီး ကြည့်နေနိုင်မှာလဲ?

UnEveN SidEsWhere stories live. Discover now