Ch 9(Zawgyi+Unicode)

412 93 25
                                    

Chapter 9 (Confession)

Zawgyi   

 Nong ၂ယောက်ကို အမြန် နှုတ်ဆက်လိုက်ရင်း Gun ကားပါကင်သို့ တိုက်ရိုက် ဦးတည် လာလိုက်သည် ~~ ခဏအကြာတွင်ပင် Mark တစ်ယောက်လဲ စာရွက်စာတမ်းတစ်ချို့ကို ကိုင်လျက် ကားရှိရာသို့ လျှောက်လာနေ၏ ~ Gun အလိုက်တသိဖြင့် ကားတံခါးဖွင့်ပေးရန် ခါးပတ်ဖြုတ်ကာ ကားပေါ်မှ ဆင်းမည်အပြု တစ်ဖက်ကောင်လေးက ဘေးခုံနေရာသို့ ဝင်ရောက် နေရာယူလိုက်ချေပြီ !!

Gun : သခင်လေး နောက်ခုံမှာ မထိုင်ဘူးလား?

Mark : မောင်းလို့ရပြီ !

Gun : .......o.o Kurp

ဆောက်လုပ်ရေးဆိုက်က မြို့ပြင်ဘက်မှာ ရှိသည့်အပြင် ပိတ်ကျပ်နေသော ကားလမ်းမကြောင့် ဆိုက်ထိရောက်အောင် ၂နာရီကျော်ခန့်ကြာအောင် အတော်လေး မောင်းယူရသည်~~~
ဆိုက်သို့ သွားသည့် လမ်းတစ်လျှောက် ကားပေါ်တွင် အနေခက်နေမည် စိုး၍ Gun ဝယ်လာသော အအေးဘူးကို တစ်ဖက်ကောင်လေးထံ လက်ဆင့်ကမ်းပေးလိုက်၏

Gun : သခင်လေး အအေး သောက်ပါဦးလား?

Mark : မသောက်ဘူး 

ကမ်းပေးနေသော မိမိလက်များပင် ရှက်သွားရ၍ Gun လက်ကို အသာရုတ်လိုက်သည်

Gun : ...

Mark : အဲ့အအေးက Pon အတွက် ဝယ်လာတဲ့ ဟာ မဟုတ်ဘူးလား?

ဒီတစ်ခါတော့ Gun မသိမသာ ပြုံးမိသည် ~~ ဒီကောင်လေးဟာ ရင့်ကျက်နေသလိုလိုနဲ့ မထင်ရင်မထင်သလို ကလေးဆန်ချင်၏ ~~ ငယ်စဉ်ကလို မာနကလဲ အမြဲ တစ်ဖွဲသားနဲ့

Gun : ဒါ Pon အတွက် မဟုတ်ပါဘူး သခင်လေးရဲ့ ! သူ့အတွက် ဝယ်ထားတာက သခင်လေး ဖုန်းခေါ်တော့ ရုံးခန်းထဲ ပြန်လာဖို့ မအားတော့တာနဲ့ N'Perth နဲ့ လူကြုံပေးလိုက်တာ!

Mark : ပြန်ပေး !

ယခုကျပြန်တော့လဲမှ အအေးဘူးကို သူ့လက်ထဲမှ ရုတ်ချည်း ပြန်ဆွဲယူသွားပြန်၏~~

အအေးဓာတ်က လျော့ကျနေပြီဖြစ်ပေမဲ့ ချိုမြိန်သော အရသာက မပြောင်းလဲသေး ~~ ပိုက်တံဖြင့် အနည်းငယ်
သောက်ပြီးနောက် Mark မေးခွန်းထုတ်လိုက်၏

Mark : အဲ့တော့ ကျွန်တော့်အတွက် ဝယ်လာတာလား?

Gun : ဟင့်အင်း  ကျွန်တော် ထပ်သောက်ချင်လို့ ဝယ်လာတာ

UnEveN SidEsTempat cerita menjadi hidup. Temukan sekarang