Chapter 21 (A Long Night)
တစ်ဦးတည်းသောသူဖို့ သယ်ယူလာသော ပူနွေးနေဆဲဖြစ်သည့် ကော်ဖီခွက်ကို တစ်ချက် ကြည့်လိုက်ရင်း ဓာတ်လှေကားအလာကို စောင့်နေလိုက်သည်
Level 10
Level 9
Level 8 , 7, 6 ,..Ph ringing 📲📱📱📱
" Unknown Number"
မသိတဲ့ နံပါတ်မို့ Gun တွေဝေ နေပြီးမှ ~~
Gun : Hello !
" Hello! သား Gun လား? ဦးလေး Sam ကို ကယ်ပါဦး !!!!!!! "
Gun : ဦးလေး Sam ဘာတွေ ဖြစ်နေတာလဲ? ကျွန်တော် ဦးလေးကို ပြီးခဲ့တဲ့ တစ်လလောက်ကတည်းက ဆက်သွယ်နေခဲ့တာ!
" အသေးစိတ်ကို ဦးလေးတို့ တွေ့မှ ရှင်းပြမယ်လေ"
Gun : ဟုတ်ကဲ့ ! အ့ဆို ကျွန်တော်တို့ မနက်ဖြန်လောက် တွေ့ကြမလား ! ဦးလေး
" ခု တွေ့ကြမယ်လေ ! သား! ဦးလေး Sam ဟိုးအရင်က အမြဲ တွေ့နေကျ ××× ဆိပ်ကမ်းက ဂိုဒေါင်မှာ စောင့်နေမယ်"
Gun : မနက်မှ တွေ့လို့ မရဘူးလား! ဦးလေး Sam! ခုက နောက်လဲကျနေပြီဆိုတော့ ...
ရုတ်ချည်း ဆိုသလို သတင်းအစအနမရှိအောင် အဆက်အသွယ် ပျောက်သွားသော ဦးလေးSam နှင့် တွေ့ချင်သည် ဆိုသော်ငြား ယခုချက်ချင်းကျပြန်တော့ စောင့်နေမည့် တစ်ဦးသောသူကိုတွေးပူရင်း Gun သွားရန်က လွန်ဆွဲလျက် ~~
" ခု တကယ် အရေးကြီးနေတယ်ဆိုနေ! မင်း ဒီကို အမြန် လာခဲ့ပေးမှ ရမယ် Gun!! "
အမြဲတစေ သားဟု နူးနူးညံညံသုံးနှုန်းတတ်သူက ရုတ်တရက် လေသံမာမာနဲ့ အခေါ်အဝေါ်ပါ ပြောင်းလဲသွားသောအခါ Gunစက္ကန့်ပိုင်းမျှ ငြိမ်ကျသွားသည်
"သား ! ဦးလေး Sam တကယ် အရေးကြီးနေလို့ပါ ! ဦးလေး စောင့်နေမယ်နော်"
အလျင်လိုနေသူမို့ စိတ်စောသွားခြင်းသာ ဖြစ်လိမ့်မည်ဟု Gun ဖြေတွေးလိုက်သည်
Gun : ဟုတ်ကဲ့ပါ ဦးလေး Sam ! ကျွန်တော် ခုဘဲ ထွက်လာခဲ့လိုက်ပါမယ်
.
.
.တစ်ဖက်မှ ချသွားပြီဖြစ်သော ဖုန်းလေးကို ဘောင်းဘီအိတ်ကပ်ထဲထည့်လိုက်ရင်း လက်ထဲက အနွေးဓာတ် လျော့ကျနေပြီဖြစ်သော ကော်ဖီခွက်လေးကို ငေးကာ Gun သက်ပြင်းချလိုက်မိသည် !

ESTÁS LEYENDO
UnEveN SidEs
Fanfiction~The Main story is about the leader of Marfia group and the young CEO ~~ #MarkGun At the wrong time, they met for the first time in their childhood age !! their feelings towards each other were pure and innocent.. After all those years of ups and...