Ch 13(Zawgyi+Unicode)

446 90 27
                                    

Chapter 13 (Follow Your Heart)

Zawgyi

          ကျယ်ဝန်းလှသော  ထမင်းစား
ခန်း၏ အလယ်နေရာတွင် နေရာယူထားသည့်
ကြီးကျယ်ခမ်းနားသော ထမင်းစားစားပွဲရှည်က နန်းတော်ဟုပင် အထင်မှားလောက်စရာ !
            လူအယောက် ၂၀ခန့်ဆန့်ဝင်သော ထိုနေရာစားပွဲတွင် ကပ်ခွာကဲ့သို့ ပူးကပ်ထိုင်လျက်ရှိနေသည့် ကောင်လေး ၂ ဦးအား တစ်ချက် တစ်ချက် ခိုးကြည့်လျက်  Siwat အိမ်တော်ရှိ ဝန်ထမ်းများက ပြုံးတုံ့တုံ့ လုပ်နေကြ၏ ! သူတို့ သခင်လေး စိတ်ကြီးပုံကို ကောင်းကောင်းသိနေ၍ သိသိသာသာတော့ လှမ်းမကြည့်ရဲကြ !! မြင်ရခဲသော သူတို့သခင်လေးပုံစံက ဆွံ့အစေသောကြောင့် တစ်ချို့က လူစားထိုးခံရလေသလားဟုပင်
ကြံရာဖန်ရာမှတ်ချက် ပြုကြသေး၏
          လှုပ်လှုပ်ရွရွဖြစ်နေကြသော ဝန်ထမ်းများကြောင့် Fin ချောင်းတစ်ချက် အသာဟန့်လိုက်၏ ။ ထိုတော့မှ လူ အစုစုဖြစ်နေကြသော လက်ရှိ နေရာမှ ကိုယ်စီ အလုပ်နေရာသို့ အသီးသီး ထွက်ခွာသွားကြလေသည်

           ××××××××××

            ထိုကောင်လေးထက် မိမိက
အသက်ပိုကြီးသူ ဧကန်မုချဖြစ်သော်လည်း ယခုတော့ မိမိမှာ ကလေးငယ်တစိဦးက်ု
ချော့မြူနေသကဲ့သို့ ဆက်ဆံခံနေရတော့ Gun အတော်လေး သက်တောငိ့သက်သာ မရှိလှ

Gun : ကွကိုယ် ယူစားလိုက်မယ် တော်တော့လေ Mark ! သူများတွေ ကြည့်နေပြီ

        Gun အပြောက ထင်သလောက် မပေါက်ရောက် ! Mark က ဆန်ပြုတ်ပန်းကန်ဇွန်းကို လက်ကမချ မူပိုင်စီးလျက် တဖူးဖူး မှုတ်ကာ သူ့ ရှေ့က P' ကို အတင်း ခွံကျွေးနေတုန်းပင် !! နောက်ဆုံးတော့ လက်လျှော့ရသူက Gun !! ပြောနေလဲ နားဝင်မည် မဟုတ်သောကြောင့် မိမိ မျက်နှာနားသို့ တိုးပေးလာသော ဇွန်းဆီသို့ အသာ ငုံ့ကိုင်း စားခြင်းအမှုက်ု ပြုလိုက်ရ၏  ! ထို အနေထားဖြင့်
ဆန်ပြုတ်ပန်းကန် ကုန်သည်အထိ ပင်!

Mark : ကျွန်တော့် P' ကလိမ္မာလိုက်တာ

       Mark ပြောလဲ ပြော လက်က တစ်ဖက်လူရဲ့ ခေါင်းကို အသာထိကာ ဆံနွယ်တစ်
ချို့ကို ဆွဲဖွပစ်လိုက်တော့  မျက်စောင်းတစ်ခုက သူ့ဆီ ဒိတ်ခနဲ ရောက်ချလာ၏

UnEveN SidEsWhere stories live. Discover now