Chapter 18 (The propose)
Zawgyi
Cafe ဆိုင်က ပြန်လာပြီး Siwat အိမ်တော်ကြီးဆီရောက်၍ များမကြာမီ ထမင်းစားခန်းလေးတွင်
ရှိနေသော လူ၂ ဦးက ပုံမှန်ထက်ပို၍ တိတ်ဆိတ်နေ၏ !!ညစာကိုဘဲ အာရုံစိုက်၍ စားနေသော သူ့ရှေ့က P' ရဲ့ မျက်နှာရိပ် မျက်နှာကဲကို မကြာခဏဆိုသလို ငေးငေးကြည့်ရင်း Mark ရဲ့ ညစာပန်းကန်ကတော့ ထိထားတဲ့ အရိပ်အယောင်တောင် မပေါ်ချင် !!
Gun : Mark !
Mark : O.O Ummm??
ရုတ်တရက်မို့ Mark ကြောင်အ သွား၏
Gun : P'မျက်နှာကို ဒီလောက်ဘဲ ကြည့်ပြီး ထမင်းစားတော့လေ ဟင်းတွေအေးတော့မယ် !
Mark : P' သိနေတာလား?
Gun : မသိဘဲနေမလား? ဒီလောက် ချောင်းပေါက်မတတ်
ထိုင် ကြည့်နေတာကို!Mark : (ရယ်လျက်)
Gun : ပြောစရာရှိလို့လား? Mark
Mark : ကျွန်တော် ပြောလိုက်ရင် P' ကျွန်တော့်က်ု အရူးလို့ ထင်လိမ့်မယ်
Gun :ပြောပါဦး! ဘာတွေများ အဲ့လောက် ကြည့်နေရတာလဲဆိုတာ
Mark : လွမ်းလို့
သူ့အဖြေမှာ P'က တစ်ချက်ပြုံး၍ စားလက်စ
ညစာကိုသာ တစိုက်မတ်မတ် ပြန်စား၏Mark အပိုလုပ်ယူ ပြောနေခြင်းမဟုတ်သလို
စနောက်ပြောဆိုခြင်းမျိုး လုံးဝမဟုတ်ရ !! သူ့နားရှိနေမှန်း သိသိရက်နဲ့ P'ကို လွမ်းတယ် !! လွမ်းလို့ သူရှေ့မှာ ရှိနေတဲ့ P'ကိုကြည့်မိပြန်တော့ ပိုလို့
လွမ်းရပြန်ရော ! အဲ့လိုနဲ့ဘဲ P'ဆီကနေ အကြည့်မလွှဲနိုင်ကို ဖြစ်နေရတာ P'ကို ရှင်းပြရင် P'က သူ့ကို
လှောင်ရယ်နေမလား?တစ်ခါတစ်လေ Mark တွေးမိတယ် ! P'အပေါ်ထားတဲ့ သူ့ခံစားချက်တွေက ဘယ်ချိန်ကတည်းက
စတင်ခဲ့တာများလဲဆိုပြီး?
လွန်ခဲ့တဲ့ ၁၃ နှစ်? သေချာတာက လွန်ခဲ့တဲ့ ၁၃ နှစ်ကတော့ မဖြစ်နိုင် ! ထိုချိန်တုန်းက P'က သူ့အတွက် မမေ့နိုင်တဲ့ အကြွေးတင်နေတဲ့ ကျေးဇူးရှင်တစ်ယောက်ထက် မပိုခဲ့ဟု
ထင်သည် ! ဒါမှ မဟုတ် P' နဲ့ ပြန်တွေ့တဲ့အချိန်? သူမသိတော့!
သူသိတာ သူသတိထားမိတဲ့အချိန် P'အပေါ်ထားတဲ့
သူ့ခံစားချက်တွေက အကန့်အသတ်မရှိ တာကျိုးနေခဲ့ပြီဆိုတာပါဘဲ !!
YOU ARE READING
UnEveN SidEs
Fanfiction~The Main story is about the leader of Marfia group and the young CEO ~~ #MarkGun At the wrong time, they met for the first time in their childhood age !! their feelings towards each other were pure and innocent.. After all those years of ups and...