Part 2

9K 704 9
                                    

#Zawgi

"ကိုယ်​ကြားထားတာထက်​အများကြီးချစ်​ဖို့​ကောင်းတယ်​ ပြီး​တော့အရမ်းလှတယ်​"

လှတယ်​ သူကအခုလှတယ်​လို့​ပြောလိုက်​တာလား ကျွန်​​တော်​က​ယောကျာင်္း​လေး​လေ သူကဘာလို့လှတယ်​လို့သုံးနှုန်းရတာလဲ
ဲ ပြီး​တော့သူကကျွန်​​တော့်​အ​ကြောင်းဘာ​တွေကြားထားတာလဲ ဘာ​တွေလဲ ပြီး​တော့ဘာလို့က​လေးလို့လဲ​ခေါ်တာကြားလိုက်​သလားလို့ အဲ့လိုက​ရောဘာလို့​ခေါ်တာလဲ

အခုအချိန်​ဘာစဉ်းစားစဉ်းစားဦး​နှောက်​ကဘာမှအလုပ်​မလုပ်​ အခုအချိန်​သူဖြစ်​ချင်​တာကသူ့​ရှေ့က​နေအ​ငွေ့ပြန်​သွားချင်​တာပဲသိတယ်​ ရှက်​လဲရှက်​တယ်​မျက်​နှာလဲပူတယ်
အခြားသူ​တွေ​ဆိုကိုယ့်​ကိုလှတယ်​လို့​ပြောရင်​ပက်​ခနဲပြန်​​ပြောပြီးစိတ်​ဆိုးမိမှာမှန်​​ပေမဲ့ အခုကျကိုယ့်​ reaction ကဒီအတိုင်း​တောင့်​​တောင့်​ကြီးရပ်​​နေမိတာပဲ

"​နောက်​​နေ့ကစပြီး ကိုယ့်​အတွင်း​ရေးမှူး ​နေရာမှာအလုပ်​ဆင်း​ပေးရမယ်​ ကင်​ထယ်​ဟွန်း"

"ဗျာ ကျွန်​​တော်​ကဘာလို့လဲ အခုစီမံခန့်​ခွဲ​ရေးဌာနမှာအားလုံးအဆင်​​ပြေပါတယ်​"

"မင်းအရည်​အချင်းကအဲ့ဌာနမှာလုပ်​လို့ရ​လောက်​တဲ့အထိရှိလို့လား"

ချက်​ချင်း​ဒေါသက​ထောင်းခနဲ အခုသူကနှိမ်​လိုက်​တာလား အဲ့​လောက်​ထိ​ပြောဖို့​ကောလိုလို့လား ခနဲ့တဲ့တဲ့သူ့အပြုံးကလူကိုတဆက်​ဆက်​တုန်​လာ​စေတယ်​ ဒါ​ပေမဲ့ကျွန်​တာ်ေ​ဘာမှပြန်​မ​ပြောမိ ပါးစပ်​​တွေအာ​စေးမိသလိုကိုကပ်​​နေတာ

"အဲ့တာ​ကြောင့်​ကိုယ်​ကမင်းကိုကိုယ့်​အနားမှာထားပြီးအားလုံးသင်​​ပေးမယ်​ မနက်​ကစပြီးကိုယ့်​အခန်းထဲကိုမင်းစားပွဲ​ရွှေ့လာခဲ့"

"ကျွန်​​တော်​......"

"ကိုယ်​စကားကိုနှစ်​ခါမ​ပြောဝူး ကင်​ထယ်​ဟွန်း မင်းသွားလို့ရပြီ"

ကျွန်​​တော်​ဒီအတိုင်းထွက်​လာမိတယ်​ ဒီအတိုင်းကိုထွက်​လာမိတာ သူ့ကိုဘာမှလဲပြန်​မ​ပြောမိ ကျွန်​​တော်​အခုအချိန်​မှာသိတာကသူ့မျက်​လုံး​တွေ ကြည့်​လိုက်​မိတာနဲ့ကိုသူ့စကား​တွေကိုလွန်​ဆန်​နိုင်​စွမ်းမရှိ​လောက်​​အောင်​ကိုအထက်​စီးဆန်​လွန်းတယ်​ ပရမ်းပတာခုန်​​နေ​သောရင်​ကအထက်​လူကြီးဆို​တော့အရမ်း​ကြောက်​လို့ပဲဖြစ်​မှာပါ





Critical Beauty(Completed)Where stories live. Discover now