Part 6

6.1K 596 19
                                    

#Zawgi

မနက်​မိုးလင်း​လို့ကြည့်​မိ​တော့​ဘေးနားမှာဟို​ဆော့မရှိ​တော့ ညကအသန်းအသန်​ငိုခဲ့ရလို့ထင်​ ​ခေါင်းထဲကတစစ်​စစ်

သူ​ရေချိုးခန်းထဲဝင်​ကာသန့်​ရှင်း​ရေးလုပ်​ပြီးပြန်​ထွက်​လာ​တော့ ဟို​ဆော့ကအင်္ကျီအဆင်​သင့်​ပြင်​​ပေးထားသည်

"ထယ်​ လာ အင်္ကျီအရင်​ဝတ်​ ပြီးရင်​​အောက်​ဆင်းပြီးမနက်​စာစားရ​အောင်​ ကိုယ်​အားလုံးပြင်​ပြီးပြီ"

တစ်​ညလုံးမအိပ်​ခဲ့​သောဟို​ဆော့မျက်​နှာကသိသိသာသာနွမ်း​နေသည်​ ဒါ​ပေမဲ့ဟို​ဆော့မျက်​နှာမှာအပြုံးတစ်​ခုကို​တော့ချိတ်​စွဲထားမြဲ ငါ့ကိုမုန်းလိုက်​ပါဟို​ဆော့ရယ်​ မင်းဒီလို​နေ​လေငါကပို​နေရခတ်​​လေပဲကွ

"အင်း"

"ထယ်​ သိလား လွန်​ခဲ့တဲ့တစ်​လ ဒီtattoo စထိုးတာ​တွေ့တဲ့​နေ့ကကိုယ်​အရမ်း​ပျော်​ခဲ့တာ ထယ်​ ကိုယ့်​ကိုမချစ်​ခဲ့တာသိ​ပေမဲ့​ ကြာရင်​​တော့ ပြန်​ချစ်​လာမှာပါဆိုတဲ့​မျှော်​လင့်​ချက်​နဲ့ကိုယ်​​စောင့်​​နေခဲ့တာ"

ရင်​ညွန့်​က tattoo ကိုနှုတ်​ခမ်းနဲ့ဖွဖွထိကာဟို​ဆော့ကစကားဆက်​သည်

"အခု​တော့ထယ်​ကကိုယ်​မဟုတ်​တဲ့တခြားသူကိုချစ်​မိခဲ့ပြီ မ​မေ့ပါနဲ့ထယ်​ ကိုယ်​ကထယ်​လိုတဲ့အချိန်​တိုင်းထယ့်​အတွက်​ရှိ​နေမှာပါ"

ထယ်​ဟွန်းဘာမှပြန်​မ​ပြောမိ ​ခေါင်းကိုသာ​အောက်​သို့ငုံ့မြဲတိုင်းငုံ့ထားမိသည်

"ကဲ လာ မနက်​စာစားရမယ်​ ပြီးရင်​ရုံးသွားရမယ်​မလား "

"အင်း"

"ဟို​ဆော့"

"....."

"​ကျေးဇူးတင်​ပါတယ်​ ပြီး​တော့ ​တောင်းပန်​ပါတယ်​ "

ဟို​ဆော့ကအားလုံးကိုနားလည်​သည်​ဆိုသည့်​သ​ဘောဖြင့်​ပြုံးရုံပြုံးပြသည်​ ထိုအပြုံး​ကြောင့်​သူ့ရင်​တစ်​ခုလုံး​ပေါ့ပါးသွားသည်​ဟုခံစားမိသည်

ဟို​ဆော့ကဘယ်​​တော့မှထယ်​ဟွန်းအားအခတ်​​တွေ့​စေမည်​မဟုတ်​ပါ

Critical Beauty(Completed)Dove le storie prendono vita. Scoprilo ora