#Zawgi
ညမှနက်သထက်နက်လာသော်လဲဂျုံးဂုအိပ်မပျော် နာရီသံတစ်ချက်ချက်ကပင်သူ့ကိုစိတ်အနှောက်အယှက်ဖြစ်နေပြန်သည် သူ့ဘေးမှတရားခံလူသားကတော့အပြစ်ကင်းသွာအိပ်မောကျလျက် ခနခနလူးလိမ့်နေလျှင်နိုးသွားမည်စိုး၍အိပ်ခန်းထဲမှထွက်လာခဲ့သည်
ဘာလုပ်ရမည်ကိုစဉ်းစားမရ ဘယ်သူ့ကိုဒေါသထွက်လို့ထွက်ရမှန်းမသိပါပဲဒေါသများကလဲထွက်လျက် ဒေါသနောက်တွင်ဝမ်းနည်းစိတ်ကလေးမသိမသာကပ်ပါလာသည်ကိုတော့ဂျုံးဂုလျစ်လျူသာရှုရင်းမိးဖိုခန်းထဲလာကာရေခဲသေတ္တာထဲကိုရေတစ်ဘူးကိုဂျိုက်ခနဲနေအောင်မော့ချမိသည်
ရေခဲရေအေးအေးမှာသူ့ရင်ထဲကအပူတွေကိုလျော့မသွားစေနိုင်
ဟျောင်းများသူ့ကိုစိတ်ကုန်နေ၍ယခုလိုအပျော်ရှာသည်လား
ယောကျာင်္းတစ်ယောက်အနေနဲ့အမြဲသူ့ရဲ့ဦးဆောင်မှုနောက်ကသာလိုက်ရသောကြောင့်သိမ်ငယ်၍ယခုလိုလုပ်လေသလား
တွေးရင်းတွေးရင်ပင်ဂျုံးဂုခေါင်းတွေပူထူလာသည်
ပြန်အိပ်လျှင်လဲအိပ်ပျော်မှာမဟုတ်၍ဘာလုပ်ရမှန်းမသိ
ဟျောင်းကြောင့်ကျွန်တော်တကယ်ရူးတော့မယ်ထင်တယ်
ထယ်ယောင်းနိုးလာသော်လဲဘေးတွင်ဂျုံးဂုရှိမနေ အရင်ကဆိုအမြဲနှိုးနေရတဲ့သူကအခုတော့ဖြင့်အစောကြီးပျောက်ချက်သားကောင်းနေသောကြောင့်အံ့ပင်သြမိသည်
"ဟျောင်း ကားသွားကြည့်မယ်ဆိုထလေ ကျွန်တော်တောင်အစောကြီးနိုးနေတာ"
ဂျုံးဂုကရေချိုးခန်းထဲမှထွက်လာရင်းလှမ်းပြောသည် ဂျုံးဂုထံမှရသောဆံပြာနံ့သင်းသင်းကြောင့်ထယ်ယောင်းပင်လန်းဆန်းသွားသလို သူ့ကိုဂျုံးဂုကကြည့်မနေသော်လဲဂျုံးဂုမျက်လုံးတွေကိုသူမြင်နေရသည် မျက်နှာမှာရေချိုးပြီးခါစမလို့လန်းဆန်းနေသော်လဲမျက်လုံးညိုညိုများကတော့အနည်းငယ်အရောင်မှိန်နေသလားလို့
![](https://img.wattpad.com/cover/182702908-288-k822832.jpg)