Part 9

6.7K 663 34
                                    

#Zawgi

ဒီတစ်​ခါ​တော့ထယ်​ဟွန်းငြိမ်​ခံမ​နေ​တော ရ​အောင်​ရုန်းသည်​ ဂျုံးဂုရဲ့သန်​မာတဲ့လက်​​တွေကြားက​နေထယ်​ဟွန်းအတင်းရုန်းသည်

ဒါ​ပေမဲ့အားချင်းကဘယ်​လိုမှယှဉ်​မရ မရ​တော့တဲ့အဆုံးဂျုံးဂုနှုတ်​ခမ်းကိုကိုက်​ချလိုက်​​တော့သည်

"အာ့ ထယ်​ဟွန်း မင်း..."

"ဘာလဲမင်းကငါ့ကိုအထင်​​သေးတာလား ဂျုံးဂု မင်းအပိုင်​ဖြစ်​​နေပြီဆို​တော့မင်းနမ်းချင်​တဲ့အချိန်​နမ်း မင်း​အော်​ချင်​တဲ့အချိန်​​အော်​ မင်းခိုင်းချင်​တဲ့အချိန်​ခိုင်း ဟုတ်​လား ဂျုံးဂု ငါကအဲ့​လောက်​​တောင်​မင်းအတွက်​တန်​ဖိုးမဲ့သလား မင်း​ပြောစမ်းပါဂျုံးဂု "

ထယ်​ဟွန်းဂျုံးဂျုရဲ့အင်္ကျီ​ကော်​လာစကိုစွဲ၍အျက်​ရည်​လည်​ရွှဲနှင့်​​ပြောမိသည်​ လက်​​တွေကလဲဂျုံးဂုကိုရင်​ဘတ်​ကိုတဖုန်းဖုန်းထု​သေးသည်

"....."

"မင်းငါ့ကိုမချစ်​မှန်းသိတယ်​ အခုလို​တွေလုပ်​​နေတာငါ့ကိုခံစား​စေချင်​လို့ဆိုရင်​ ​တော်​ပါ​တော့ဂျုံးဂု ငါ့ရင်​ဘတ်​တစ်​ခုလုံးလဲငါ့ကိုမချစ်​တဲ့မင်းကိုချစ်​ရလွန်းလို့စုတ်​ပြတ်​သတ်​​နေပါပြီ ငါ​​တောင်းပန်​ပါတယ်​ဂျုံးဂုရယ်​ "

ထယ်​ဟွန်းစကား​ပြောရင်းပင်​ဆက်​မရိုက်​နိုင်​​တော့ မျက်​နှာကိုလက်​နဲ့အုပ်​ကိုင်​ကာရိုက်​ကြီးတငင်​ငိုသည်

ငိုလို့ဝမှမျက်​ရည်​​တွေကိုသုတ်​ကာ ဂျုံးဂုကို​လေသံ​အေး​အေးဖြင့်​ဆက်​​ပြောသည်

"အားလုံးအဆင်​​ပြေ​အောင်​ဒီလိုလုပ်​ကြရ​အောင်​ဂျုံးဂု မင်းကငါ့ကိုလက်​ထပ်​ထားတယ်​ဆို​ပေမဲ့ဟို​ဆော့ကိုဂလဲ့စား​ချေချင်​ရုံသက်​သက်​ပဲဆို​တော့ မင်းငါ့ကိုမြင်​​နေရင်​မုန်း​နေမှာပဲ ငါဒီ​နေ့ကစလို့မင်းမမြင်​​အောင်​​နေ​ပေးမယ်​ မင်းနဲ့ထိပ်​တိုက်​မ​တွေ့​အောင်​ငါ​ရှောင်​​နေ​ပေးမယ်​ အဲ့ဒါဆိုမင်းလဲငါ့ကိုမမြင်​ရ​တော့အဆင်​​ပြေလိမ့်​မယ်​ မင်း​နေမ​ကောင်းဘူး ကျန်းမာ​ရေးဂရုစိုက်​ဦး"

Critical Beauty(Completed)Where stories live. Discover now