Part 17(FINAL)

7.9K 499 12
                                    

Unicode

တိတ်တိတ်ဆိတ်ဆိတ်လက်ဖက်ရည်ဆိုင်လေးထဲဂျီမင်းတစ်ယောက်တည်းထိုင်နေမိသည် ဆိုင်ကိုမှန်တွေနှင့်ပင်ကာရံထားသည်မို့လင်းလင်းလေးနှင့်တကယ်ပင်ထိုင်လို့ကောင်းသည် အပြင်ဘက်ကရာသီဥတုမှာလဲ‌အတော်ပင်ကောင်းနေသည်မို့ဂျီမင်းစိတ်တွေပင်ကြည်လင်နေသည်

မှာထားသောကော်ဖီခွက်ပင်အေးနေပြီဖြစ်သော်လဲ အရင်ချိန်းဆိုထားသောထယ်ယောင်းမှာတော့အခုထိတောင်ရောက်မလာ

စိတ်ကြည်နေတယ်ဆိုပေမဲ့လဲနည်းနည်းတော့လွန်နေပြီ

"Yarrr... ဂျွန်ထယ်ယောင်း မင်းဘယ်တော့လာမှာလဲ "

"လာနေပါပြီကွာ ဂျုံးဂု မြန်မြန်မောင်းဆို ဂျီမင်းဒေါသထွက်နေပြီ အဲ့ဒါကြောင့်မင်းကိုပြောတာ ထပါဆိုမထဘူး"

ဖုန်းထဲမှသူ့လင်ဂျူံးဂုအားအပြစ်တင်ပြောဆိုနေသေးသည်

"ရောက်တော့မယ်ဂျီမင်း ခနပဲထပ်စောင့်နော်"

"ပြီးရော ဒါပဲ"

"ငါပြောသားပဲမင်းကို အစတည်းက အခုတော့ဂျီမင်းက $&@#**............"

မင်းအိပ်ယာထတာနောက်ကျလို့ဟူသောခေါင်းစဉ်အောက်ကျွန်တော့်ရဲ့နှလုံးသည်းပွတ်လေးကတော့နှုတ်ခမ်း လုံးလုံးလေးကိုထော်ကာထော်ကာဖြင့်ပါးစိပါးစပ်များနေလေတော့သည် တစ်ခါတစ်ရံမျက်စောင်းမမည်သောမျက်ဆံကိုမျက်လုံးထောင့်ကပ်ကာယောကျာ်းဆန်ဆန်အကြည့်များကလဲရောက်လာတတ်သေးသည်

ညကရုပ်ရှင်အတူကြည့်ပေးဟူသောအမိန့်အောက်ဒီလူကသူနဲ့အတူထိုင်ကြည့်ပေးပါသော်လဲ ရုပ်ရှင်မကြည့်ပဲသူ့ပေါင်ပေါ်တရူးရူးတရှဲရှဲအိပ်ပျော်နေသည်ကိုကြည့်ရင်းဒီကောင်ကအသည်းတယားယားမထိရက်မကိုင်ရက်မိုးလင်းပေါက်ထိုင်ကြည့်ခဲ့သည်ဟူသောအိပ်ယာထနောက်ကျရခြင်းအကြောင်းပြချက်ကိုတော့မပေးမိတော့

ဘယ်လောက်ကြည့်ကြည့်မရိုးသွားသော ဆိုစသာစကားသည် ဂျွန်ထယ်ယောင်းဆိုသောလူသားလေးနှင့်သာသက်ဆိုင်သည်ကိုလဲသိမည့်ပုံမပေါ်

ယခုတော့ဖြင့်သူပိုင်ဆိုင်သောအသံဩဩလေးဖြင့်အပြစ်တင်ခန်းဖွင့်နေလေတော့သည်

Critical Beauty(Completed)Where stories live. Discover now