Extra

6.5K 411 13
                                    


Unicode ver


"သေချာလို့လားထယ်‌ယောင်း ဂျုံးဂုကိုမင်းလွှတ်မထားနဲ့နော်"


ညဉ့်ကနက်နေပြီ အဲ့ဒါကိုဂျုံးကိုပြန်မလာသေးသည်နှင့်ပတ်သတ်၍ဂျီမင်းမှာဖုန်းလှမ်းဆက်ကာပွစိပွစိနှင့်ပြောလို့မပြီး

"ဟုတ်ပါတယ်ဆိုကွာ ဒီနေ့စားသောက်ပွဲရှိလို့နောက်ကျနေတာပါဆို"

"မင်းကာပြီးပြောမနေနဲ့ လွှတ်ထားရင်ဘာမှ‌ကောင်းတာဖြစ်လာမှမဟုတ်ဘူးနော်"

"ငါသိပါတယ် ဂျီမင်းရယ် ငါဂရုစိုက်ပါ့မယ် မင်းရောပြန်မလာသေးဘူးလား "

"အေး ပြန်မလာဖြစ်လောက်သေးဘူး နှစ်ပတ်လောက်ကြာဦးမယ်ထင်တယ် ဟိုဆော့အလုပ်ကပြီးခါနီးပေမဲ့ ဒီမှာပျော်လို့"

"အင်း အဲ့မှာအေးတယ်မလား ဂရုစိုက်ဦး"

"အေးအေး ဒါပဲနော်"

ဖုန်းချပြီးသည်နှင့်ဂျီမင်းသက်ပျင်းတစ်ခုကိုလေးပင်စွာချမိသည် အခုတလောဂျောင်ဂုကောင်မလေးတစ်ယောက်နဲ့တပူးပူးဖြစ်နေသည်ကို သူငယ်ချင်းတစ်ယောက်မှာထယ်ယောင်းကိုမပြောရဲ၍ဂျီမင်းကိုလာပြောခဲ့သည်

ထယ်ယောင်းသူငယ်ချင်းလဲဂျီမင်းသူငယ်ချင်းဖြစ်သလိုဂျီမင်းသူငယ်ချင်းကလဲထယ်ယောင်းသူငယ်ချင်းပင်


"အား ချမ်းတယ် ချမ်းတယ်"

ချမ်းတယ်ဟုအတင်းခုန်ဆွခုန်ဆွလုပ်ကာ၀ရန်တာတွင်ရပ်နေသောဂျီမင်းကိုအနောက်မှသိုင်းဖတ်ကာပခုံးပေါ်ခေါင်းကိုအတင်းတိုးနေသောဟိုဆော့

"ကိုယ့်ကလေးလေး ဘာလို့သက်ပြင်း‌တွေချနေတာတုန်းကွာ"


"ဟိုဆော့ ငါလေဂျုံးဂုကိုသံသယဖြစ်လာတယ် အခုတလောအိမ်ပြန်နောက်ကျတယ်တဲ့ထယ်ယောင်းကလဲပြောတယ် ပြီးတော့သူငယ်ချင်းတစ်ယောက်ကလဲမိန်းမတစ်ယောက်နဲ့တပူးပူးလုပ်နေတယ်လို့ဖုန်းဆက်ပြောသေးတယ် ထယ်ယောင်းအဆင်ပြေပါ့မလား"


"မဟုတ်လောက်ပါဘူးကွာ ဂျုံးဂုကထယ်ယောင်းကိုဘယ်လောက်တောင်ချစ်လိုက်လဲ"

Critical Beauty(Completed)Where stories live. Discover now