Part 16

5.3K 436 12
                                    

#Unicode

"​ဂျုံးဂု အဆင်​​ပြေရဲ့လားဟင်​"

"အင်း ​ပြေပါတယ်​ ​ဟျောင်းရဲ့"

"အကျီက ကျပ်တဲ့ပုံပေါက်နေလား"

"မ​ပေါက်​ပါဘူး"

"ဘာလို​သေးလဲကြည့်ဦး ဂျုံးဂုရဲ့ ငါ ကြည့်ကောင်းရဲ့လား"

တကယ့်ကိုတက်ကြွနေသော ဟျောင်းပါပဲ မင်္ဂလာ​ဆောင်​မှာက ဂျီမင်းနဲ့ဟိုဆော့ဆောင်မှာလား သူ​ဆောင်​မှာလားမသဲကွဲ

မနက်​အ​စောကြီးထကာ ​ရေမိုးချိုးပြင်​ဆင်​​နေသည်​မှာ အခုအချိန်​ထိစိတ်​တိုင်းမကျနိုင်​

ဂျုံးဂုမှာလဲ သူမေးသမျှ မငြီးမငြူထိုင်ဖြေပေးနေရသည်မှာ အခုအချိန်အထိ မျက်နှာတောင်မသစ်ရသေး

"ဂျုံးဂု မင်းရေသွားချိုးတော့လေ ဘာထိုင်​လုပ်​​နေတာလဲကွာ သွားရပါ​တော့မယ်​ဆို"

​ဟော တစ်​မနက်​လုံးသူပြင်​ဆင်​သမျှ ထိုင်ကြည့်ပေးခိုင်းပြီး သူ​မေးသမျှ​ဖြေ​နေရတဲ့သူကို သူကပဲပြန်ဆူရတယ်ရှိသေး

"​ဟုတ်​ပါပြီဗျာ ​ဟျောင်းလဲရပြီ ထပ်​မလဲနဲ့​တော့ ဒါ​လေးနဲ့​တော်​​တော်​အဆင်​​ပြေတယ်​ ကျွန်​​တော့်ဟျောင်းက လှပြီးသား ကြည့်ကောင်းပြီးသား ​နော်​"

ထယ်​​ယောင်းရဲ့ခန္ဓာကိုယ်လေးကိုအနောက်မှသိုင်းဖက်ပြီး ပါးချင်းကပ်ကာပြောမိတော့

"ဟာ ဂျုံးဂု မင်းရေလဲမချိုးရသေးပဲနဲ့ "

"ကျွန်​​တော်​ညစ်​ပတ်​လဲ​ ဟျောင်းက ချစ်မှာမလား"

"အပိုလုပ်​မ​နေနဲ့ဂျုံးဂု သွားပါဆို ​နောက်​ကျလို့က​တော့ မင်းအသေပဲ"

မင်းအသေပဲဆို ဂျုံးဂုတို့ကြောက်ရတယ် ​ရေချိုးခန်းထဲအမြန်ဝင်ကာ ရေချိုးခြင်းလုပ်ငန်းကို အမြန်ဆောင်ရွက်ရလေတော့တယ်

​ပေါ့​ပေါ့ပါးပါး ရှပ်အကျီအဖြူလက်ရှည်ကိုသာ လက်ခေါက်ပြီးဘောင်းဘီနဲ့တွဲဝတ်လိုက်ရတယ် ​တော်​ကြာ ကြာပါတယ်​ဆိုပြီး ပြဿနာရှာရင် ဂျုံးဂုတို့ အဲ့ရစ်ထုပ်လေးကို တကယ်မနိုင်ပါ

Critical Beauty(Completed)Where stories live. Discover now