Episode 2
မနက် ၇နာရီသည် မနက်စာစားချိန်မို့ Kong က ဝတ်စုံ
ပြည့်နဲ့ ဆင်းလာခဲ့လိုက်သည်။ ထို့နောက် လှေကား
အောက်ခြေနားမှာ ရပ်စောင့်နေသော Nine ကို အိတ်
ုလေးပေးလိုက်ပြီး Khun Raai ရှိရာ ထမင်းစားခန်းကို
တစ်ချိုးတည်းလာခဲ့လိုက်သည်။"မြေးလေး!!! Morning ပါ ~~"
"Morning ပါ Khun Raai~~~"
Kong က Khun Raai ရဲ့ပါးကို တစ်ဖက်တစ်ချက်စီ
နမ်းရှိုက်လိုက်သည်။"မြေး ~~ မနေ့ညက ဘယ်အချိန် ပြန်ရောက်လဲ "
"၁၁ ကျော်တယ် Khun Raai "
"အလုပ်က အဆင်ပြေရဲ့လား~~ "
Kong က အေးဆေးဆိုသော သဘောနဲ့ ကွတ်ကီးကို
တစ်ကိုက် ကိုက်လိုက်သည်။ ပြီးတော့မှ ~~~"ပြေတာပေါ့~~ ဒီမြေနေရာက သား အရင်ဝယ်ထား
တာပဲလေ~~ သူတို့က သက်သက် ရမလားဆိုပြီး
စမ်းကြည့်တာ ~~~""အင်းပါ~~ စီးပွားရေးမှာတော့ ကွက်ကျော်ဆိုတာ
ရှိမှာပဲ~~ ကိုယ်က မြင်တတ်ဖို့ပဲ လိုတယ် ""Krup !! "
Kong နောက်ထပ် ကော်ဖီတစ်ငုံသောက်နေတုန်း လှေကားကဆင်းလာတဲ့ခြေသံပြင်းပြင်းကြားရသည်မို့
နားစွင့်လိုက်သည်။ သို့သော် ဘယ်သူဘယ်ဝါဆိုတာ သိနေသည်မို့ လှည့်မကြည့်ဖြစ် ။"Sawadeekrup Khun Raai "
"Wadee Uday ~~"
Uday ဆိုတာ ကျွန်တော့်ရဲ့ မွေးစားအကိုပါ ။ ကျွန်တော့်
ထက် ၁နှစ်ကြီးသော P'Uday .....။Por နဲ့ Mae က
ကလေးမရတော့ဘူးအထင်နဲ့ P'Uday ကို စစ်စတာ
တွေဆီက ခေါ်ယူမွေးစားခဲ့လေသည်။ Por တို့ Mae တို့ကတော့ P'Uday ဟာ အင်မတန်ရိုးသားသော ကျွန်တော့်အပေါ် ညှာတာသော အကိုတစ်ယောက် ဖြစ်လင့်ကစား နှစ်ဦးတည်းရှိချိန်မှာတော့ ဆန့်ကျင်ဘက်လားရာကိုသာ သွားနေသော အကိုတစ်ယောက်ဖြစ်သည်။ အရင်ကတော့ ဘယ်လို
လိမ္မာခဲ့ လိမ္မာခဲ့ ကျွန်တော်ချည်းသာ ရှိနေလျှင် P'Uday
က အမြဲစိတ်ထားမမြတ် ။ ကျွန်တော် အသက် ၁၁ နှစ်
လောက်ကအထိ အကိုတစ်ယောက်အနေနဲ့ ဆက်ဆံပေး
ခဲ့မိသည်။ သို့သော် ဒီနောက်ပိုင်းတွင်တော့ အကိုလို့ပင်
သတ်မှတ်ပေးဖို့ ခဲယဉ်းလာသည့်အဖြစ်တွေနဲ့ ကြုံ
ရသည် ။
YOU ARE READING
ရင်ခုန်သံလေးစည်းချက်ညီ💙The rhythmic heartbeat💙(cp)
Fanfictionကျွန်တော့်ရဲ့ရင်ခုန်သံတိုင်းဟာ သူကြောင့်ဖြစ် တည်တာပါ ။ သူမဟုတ်ရင် ကျွန်တော့်ရင်ခုန်သံ တိုင်းက စည်းချက်မကျပါဘူး 💙