Episode 9

1.8K 186 8
                                    

Episode 9

"Hello~~Moon "

Kulap က Moon ဖုန်းဆက်လာသည်မို့ ရုပ်ရှင်အသံကို
တိုးလိုက်ကာ ကိုင်လိုက်သည်။

"Moon ရေ~~ နင်အပြင်က ပြန်လာရင် ငါ့အတွက် ငါးမုန့်ကြော်နှစ်ထုပ်လောက်ဝယ်ခဲ့ပါဟယ် ~~"

"အဟမ်း!! ကျွန်တော် Moon မဟုတ်ပါဘူး "

Kulap က ယောက်ျားတစ်ယောက်အသံကြောင့်  Moon ဖုန်းနံပါတ်မှ ဟုတ်ရဲ့လား တစ်ခေါက်
ပြန်ကြည့်မိသည်။သေချာပါသည်။ Moon လို့ contact
List မှာပေါ်နေသည်မို့ နားနား ထစ်ခါပြန်ကပ်လိုက်
သည်။

"ဘယ်သူလဲ~~ ဒါ Moon ဖုန်းပါ ~~"

"ဟုတ်ပါတယ် ~~ Moon ကို ကျွန်တော် ခိုးပြေးသွား
ပြီလို့ အဒေါ့်ကို လှမ်းအသိပေးတာပါ~~ တော်ကြာ
မ အိမ်ပြန်မလာရင် အဒေါ် စိတ်ပူနေရမှာစိုးလို့ '

Bank အပြောကြောင့် Kulap သွေးတွေ နားထင်ကို
ဆောင့်တက်သွားသည်။

ကောင်လေး~~ မင်း ဘယ်ကလဲ ~~ဘယ်သူလဲ~~
Moon ကို အလိုမတူဘဲ ခိုးပြေးသွားတာမလား~~
Moonက လက်ထပ်ရမယ့်သူရှိပြီးသားနော် "

"သိတယ်လေ~~~"

Bank က ဘေးမှာ ပျော့ခွေကာ အိပ်မောကျနေသော
Moon ရဲ့ လက်ဖဝါးလေးများကို ဆုပ်ကိုင်လိုက်သည်။

"သိရင် ဘာလို့ ဒီလိုလုပ်တာလဲ "

"မ ကို လိုချင်လို့ပေါ့ "

"လိုချင်လို့ မရဘူး~~မနက်ဖြန် မင်္ဂလာပွဲက အားလုံး
ပြင်ပြီးနေပြီ~~အခုချက်ချင်း Moon ကိုပြန်လာပို့
ပေး~~~"

Naaf Kulap အသံကြောင့် Oon က အိပ်ခန်းထဲကနေ ထွက်လာမိသည်။ လက်ခြမ်းရုပ်ကလေးကို ပိုက်ကာ
ထွက်လာသော Oon အတွက် နိုးနိုးလာချင်း သတင်းက
အမ ကားတင်ပြေးခံရသည်တဲ့လား။

"ဟိုဘက်က ကောင်လေး~~ "

"ပြန်ပေးဖို့ ဖုန်းလှမ်းဆက်တာ မဟုတ်ပါဘူး~~မ ကို
ခေါ်သွားပြီဖြစ်ကြောင်း အသိပေးရုံသက်သက်ပါပဲ "

"ဟိတ် !! ဟဲ့ကောင်လေး~~~"

ဖုန်းချသွားပြီမို့ Naaf Kulap က စိတ်ရှုပ်ကာ ခေါင်းကို
တဖျင်းဖျင်းကုတ်လိုက်သည်။

"Ai Oon ရေ~~ငါတို့တော့ ထောင်ကျတော့မယ်~~ မနက်ဖြန် မင်္ဂလာဆောင်ဖို့ နင့် Pee လဲ မရှိတော့ဘူး~~
ငွေတွေလဲ မရသေးဘူး~~ဘယ်လိုလုပ်ကြမလဲ~~
ငါစိတ်ညစ်တယ် "

ရင်ခုန်သံလေးစည်းချက်ညီ💙The rhythmic heartbeat💙(cp)Dove le storie prendono vita. Scoprilo ora