Episode 26
၂နာရီလောက်ကြီး ငုတ်တုတ်ထိုင်ပြီး ကိုယ့်ကို မျက်စောင်းချည်းပဲလိမ့်ထိုးနေတဲ့မိန်းကလေးကို ထိုင်ကြည့်ဖူးကြလား ။ ကျွန်တော် နဲ့ မ ဒီရေကန်ဘောင်
ပေါ်မှာ ထိုင်နေတာ ၂ နာရီနားကပ်နေပြီ ။ စကားလဲ တစ်ခွန်းမှ မပြောရသေးဘူးဆိုရင်ရော ယုံပေးကြမှာလား။
မ က နှုတ်ခမ်းသားလေးတွေကို ခပ်တင်းတင်းစေ့ရင်း
ကျွန်တော်ပြောလာမည့်စကားတွေကို ကြိုပိတ်သည်။သို့
သော် ဘာမှ မပြောလိုက်ရဘဲတော့ ထပ်ပြီး အချိန်မဖြုန်း
နိုင်တော့ ။" မ ~~~~ "
" ဘာလဲ "
" အိမ်ပြန်ကြရအောင် !!! "
" ငါ့မှာ အိမ်မရှိဘူး ~~~church ကျောင်းပဲ ပြန်မယ် "
" ဟာဗျာ!!မ က ကျွန်တော့်မိန်းမပဲလေ~~ကျွန်တော့အိမ်
က မ အိမ်ပဲပေါ့ "" နင်တောင် နင့်အမေအိမ်မှာကပ်နေတာလေ~~"
မ စကားကြောင့် Bank ပါးစပ်လေး ပိတ်သွားရသည်။
" ဒါဆို Ko Samui က အိမ်ကို ပြန်ကြမလား~~အဲဒါ
ကျွန်တော့်အိမ်ပဲ ~~~ဟင် မ "" တော်စမ်းပါ~~~ ငါ နင်နဲ့ကွာရှင်းမှာ~~~ "
Bank က Moon လက်ကလေးများကို ဆုပ်ကိုင်လိုက်ကာ
"ဘာလို့လဲ မ ရယ် ~~~ကျွန်တော်လဲ ဘာမှ မလုပ်ရပါ
လား~~~ "" နင် ဘာမှမလုပ်လို့ကွာမှာ "
"ဟမ် !!!! "
မ စကားကြောင့် ကျွန်တော့် မျက်နှာမချိုမချဉ်ဖြစ်သွား
တော့ မ က ကျွန်တော့်ကျောကို ခပ်နာနာလေးထုသည်။" Bank!! နင့်အတွေးတိမ်တိမ်တွေ ရပ် ! ငါပြောတာ နင်
ဘာအလုပ်မှ မလုပ်ဘူးလို့ ~~ အဲလိုအလုပ်အကိုင်မရှိတဲ့
ယောက်ျားကို ယူပြီး ဘယ်လိုအားကိုးနေရမှာလဲ "မ အပြောလေးကို တကယ်သဘောကျပါသည်။ဒီလိုမျိုး
ကောင်းရာကောင်းကြောင်း စဉ်းစားပေးတတ်တဲ့အမျိုး
သမီးလေးဖြစ်တာကြောင့်ပဲ ပိုချစ်မိနေလား ကိုယ့်ကို
ကိုယ်တောင် မဝေဖန်တတ်တော့။" မ ~~ ကျွန်တော် မအတွက် တကယ့်ယောက်ျားကောင်း
တစ်ယောက်ဖြစ်အောင် ကြိုးစားပါ့မယ် ~~~ ကျွန်တော်
Mommy အလုပ်တစ်ချို့ကို ဦးစီးပြီး မ လိုချင်တဲ့ အားကိုးရတဲ့ ယောက်ျားဖြစ်စေရမယ် ~~~ "
ESTÁS LEYENDO
ရင်ခုန်သံလေးစည်းချက်ညီ💙The rhythmic heartbeat💙(cp)
Fanficကျွန်တော့်ရဲ့ရင်ခုန်သံတိုင်းဟာ သူကြောင့်ဖြစ် တည်တာပါ ။ သူမဟုတ်ရင် ကျွန်တော့်ရင်ခုန်သံ တိုင်းက စည်းချက်မကျပါဘူး 💙