Episode 22

1.9K 196 6
                                    

Episode 22

ကြက်တွန်သံတွေ ဝက်အော်သံတွေကြောင့် မနက်မိုးလင်း
နေပြီဆိုတာ နာရီ မကြည့်ပေမယ့် Oon သိနေသည်။ ညက
အတူတူ အိပ်နေကြပေမယ့် မနက်မိုးလင်းတော့ ဘေးနား
Kong မရှိသည်မို့ Oon က ခပ်သွက်သွက်လေးဆင်းလာ
ခဲ့လိုက်သည်။  အနီးအနား ပတ်ဝန်းကျင်ကိုကြည့်တော့
လည်းအေးချမ်းပြီး တိတ်ဆိတ်နေသည်။ ဒီအချိန်ဆို
ယာခင်းထဲ ဆင်းကြသည်မို့ ရွာထဲမှာ လူသူနည်းပါး၏ ။

"Oon~~~~ "

Kong ခေါ်သံကြောင့် Oon က နောက်ကိုလှည့်ကြည့်လိုက်
သည်။ ဂျက်ခုတ်ထည်အင်္ကျီလေးဝတ်ထားပုံက တကယ့်
ကို တိုင်းရင်းသားလေးလို ချစ်ဖို့ကောင်း၏ ။ Oon အနေနဲ့
လဲ မောင့်ကို ချစ်ဖို့ကောင်းတယ်လို့ သုံးခွင့်ရှိတယ်မလား။

" အင်း !! "

Oon က Kong နဲ့အတူနောက်ထပ်အမျိုးသမီးကြီးတစ်
ယောက်ကိုပါ တွေ့လိုက်ရ၍ Oon က ခေါင်းလေး
တစ်ချက်ငုံ့ခြင်းနဲ့ အရိုအသေပေးလိုက်သည်။

" Oon~~ ဒါ Lari ရဲ့ Mae လေ~~~"

Oon က Kong အပြောကြောင့် အံ့ဩသွားရသည်။ သူ
ဘယ်တုန်းက Lari နဲ့ ရင်းနှီးသွားတာလဲ ။

"  ဩော် !! Oon မသိတာဖြစ်မယ် ! Lari ဆိုတာ မနေ့က မောင်တို့ ရွာထဲ ဝင်ဝင်လာချင်း တွေ့တဲ့ ကလေးလေး
လေ~~~ Oon တောင်သေချာကြည့်ခဲ့သေးတယ်မလား"

Oon က သိပြီဆိုသော ပုံစံလေးနဲ့ ခေါင်းညိမ့်ပြလိုက်တော့
နောက်က Lari ရဲ့ အမေက သူ့လက်ထဲက ဂျက်ခုပ်ထည်
လေး ကမ်းပေးသည်။

" ဒါ ကလေးမအတွက် !!! "

ပေးလာသော ဝတ်စုံလေးကို ဖြန့်ကြည့်တော့ ရိုးရာအဆင် ဂါဝန်လေး ဖြစ်နေသည်မ်ို့ Oon က သဘောကျသော်လည်း မဝတ်ချင် ။

" Oon ~~ ဒါ မောင့်ကို Lari Mae ပေးလိုက်တာ ~~"

Kong က သူ့အင်္ကျီလေးကိုကိုင်ကာ ပြောတော့ Oon က
ခပ်ဖွဖွလေး ပြုံးပြလိုက်သည်။ ကိုယ်သာ ဒီအင်္ကျီသာဝတ်ရင် သူနဲ့အဆင်မပြေနိုင် ။ သူ့မှာလဲ အပေါ်ပိုင်း အပိုပစ္စည်းမရှိ ။တကယ်လို့ ပြားကပ်နေလွန်းပြန်ရင်လဲ လူကဲ့ရဲ့စရာ
ဖြစ်နေမည်လား ။

" အဒေါ် သွားဦးမယ်နော "

ပြောပြီး ပြုံးပြကာ ထွက်သွားသော Lari အမေကို Oon
ရော Kong  ပါ ငေးကြည့်လိုက်ကြပြီးမှ~~~

ရင်ခုန်သံလေးစည်းချက်ညီ💙The rhythmic heartbeat💙(cp)Where stories live. Discover now