Episode 17
Khun Tere က အပေါ်ထပ်ကနေ မြေးဖြစ်သူ ပြန်အလာကို မျှော်နေမိသည်။ Tew ဆီက သတင်းကြား
ပါပြီးပါပြီ ။ Oon နဲ့ Kong ဗဟုသုတ ဖလှယ်ပွဲသွားကြ
မှာမို့ Oon တစ်ယောက် အပျော်လွန်ပြီး တစ်ယောက်တည်း ထွက်သွားတယ်ဆိုတဲ့အကြောင်း ။
သို့သော် ပြန်လာတော့ Kong မပါဘဲ တစ်ယောက်တည်း
ပြန်လာခဲ့သည်။ ပွဲအခြေအနေ မေးတော့ ကောင်းသည်
တဲ့ ။ မဖြစ်နိုင် ။ Kong နဲ့ပင် တွေ့ခဲ့ပုံမရ ။ Nine ရော
Kong ရော ဘယ်သူမှ ဖုန်းမကိုင်သည်မို့ ပိုစိတ်ပူမိသည်။
Kong ဒုက္ခတွေများ ရောက်နေပြီလား ။ အခုတလော
Uday အနှောင့်အယှက်ပေးသံပင် မကြားရတော့ ။
ဒါကို သူက ဘာတွေများကြုံတွေ့နေရသည်လဲ ။
ဘုရား ဘုရား ။ တပည့်တော် မြေးလေး အိမ်ကို ချောချောမွေ့မွေပြန်ရောက်ပါစေ ။မျက်လုံးလေးမှိတ်ထားချိန် ခြံထဲကို ကားဝင်လာသည်မို့
Khun Tere က အိမ်အောက်ကို ဆင်းလာခဲ့လိုက်သည်။
သို့သော် Kong ခါးကိုဖက်ကာ ဝင်လာသော Vivian နဲ့
မြင်ကွင်းကြောင့် Khun Tere က စိတ်ပူပန်မှုများ ပျောက်ကာ ဒေါသတွေ အလိပ်လိပ်ထွက်လာ၏ ။
သို့သော်အေးဆေး တည်ငြိမ်စွာသာ ~~~" Nine ~~ ဒါ ဘယ်လိုဖြစ်လာတာလဲ "
သူတို့နှစ်ယောက် နောက်က Nine ကိုသာ ကျော်ပြီးမေး
လိုက်သည်။"Khun Raai ~~Hello kha ~~မတွေ့တာ အတော်ကြာ
ပြီနော်!! Khun Raai က လှနေတုန်းပဲ ""ကျေးဇူးပဲ သမီးရေ~~ ပြောလေ Nine "
Vivian က သူ့ကို ဝတ်ကျေတန်းကျေသာ ပြောသွား
သော Raai ပုံစံကို နားမလည်နိုင် ရှိလှသည်။ အရင်ဆို
ဒီလို ပုံစံမျိုး မဟုတ်။"ဟုတ် !! Khun Vi က နောက်လ သူ့မွေးနေ့အကြိုအတွက်
Khun Kong ကို သက်သက်မုန့်လိုက်ကျွေးတာ "" ဒါ မုန့်စားလာတဲ့ အခြေအနေပေါ့နော် "
မြေးဖြစ်သူနား တစ်ချက်တိုးသွားပြီး ပခုံးကနေ ပုတ်ကာ
"Kongpob!! မတ်မတ်ရပ်စမ်း "
"အမ်!!! ဘာကိုလဲ~~ ဘာက မတ်ရမှာလဲ ~~"
"ငါ ဘယ်သူလဲ သိလား "
" ဘယ်သိမလဲ !!သိဝူးလေ !!! "
Khun Tere က သက်ပြင်းသာသာလေးချလိုက်ပြီး လက်ထဲက နံ့သာယပ်တောင်လေးနဲ့ သူ့ဘာသူ ပြန်ခပ်သည့်ပုံစံနဲ့ အခြေအနေကို လိုချင်တဲ့ပုံစံရောက်အောင် အကွက်ရွေ့လိုက်သည်။
YOU ARE READING
ရင်ခုန်သံလေးစည်းချက်ညီ💙The rhythmic heartbeat💙(cp)
Fanfictionကျွန်တော့်ရဲ့ရင်ခုန်သံတိုင်းဟာ သူကြောင့်ဖြစ် တည်တာပါ ။ သူမဟုတ်ရင် ကျွန်တော့်ရင်ခုန်သံ တိုင်းက စည်းချက်မကျပါဘူး 💙