Episode 24
Bank က ပစ္စည်းတွေကို ရိုက်ခွဲကာ သောင်းကျန်းနေသံ
ကြောင့် အမေဖြစ်သူ Pray က အခန်းတံခါးကို ခပ်သွက်
သွက် ဆွဲဖွင့်လိုက်သည်။" Bank!! သား~~~~ "
အမေဖြစ်သူခေါ်သံကြောင့် တိုင်ကပ်နာရီကို ခွဲရန်ပြင်နေ
တဲ့ လက်တွေက လေမှာ ရပ်တန့်သွားသည်။" မင်း ဒါ ဘာလုပ်နေတာလဲ ~~~ "
Bank က ခပ်တည်တည်နဲ့သာ ပစ္စည်းကို လွှတ်ချလိုက်သည်။
" ခွမ်း !!! "
" Bank !! မင်း ဟိုကောင်မလေးကြောင့် ဒီလိုပုံ ဖြစ်နေတာလား "
" Mommy ကြောင့် Mommy လုပ်တာ ~~သားဘဝထဲ
ကနေ မ ကို Mommy ပဲ ဆွဲထုတ်သွားတာ ~~~ "Bank က မျက်နှာတစ်ခုလုံး ရဲတက်ကာ ဒေါသရိပ်လွှမ်း
နေသောကြောင့် သားနဲ့အပြိုင်လုမပြောဖို့ Pray ဆုံးဖြတ်
လိုက်သည်။" သား မ ကို သိပ်ချစ်တာ Mommy သိရက်သားနဲ့ဗျာ "
" Bank Tongkrisat !! "
Pray က နာမည်အပြည့်အစုံကို ခပ်ကြမ်းကြမ်း ခေါ်လိုက်
သည်မ်ို့ ခေါင်းကို ထိုးဖွနေတဲ့ Bank လက်တွေ ရပ်တန့်
သွားသည်။" မင်းကို ငါအရမ်းချစ်လို့ ကာကွယ်နေတယ်ဆိုတာရော
မင်း သိလား~~~ !!! မင်း အဲလို အပေါစားမိန်းမကို အိမ်
ပေါ်ခေါ်တင်လာတာကို ငါဒီနေ့ထိ ငြိမ်ပေးနေခဲ့တာ မင်းကို
အရမ်းချစ်လို့ဆိုတာ မင်းမတွေးမိဘူးလား~~ဒါကိုတောင်
မင်းပါးစပ်က သူ့မောင်ကို အိမ်ပေါ်ခေါ်တင်ဖို့ လာခွင့်တောင်းသေးတယ်နော် ""ဒါကို Mommy ခွင့်မပြုခဲ့ဘူးလေ "
" ငါ ဘာလို့ ခွင့်ပြုရမှာလဲ!! မင်းဟာမကို တစ်နေ့တစ်နေ့မြင်နေရတာနဲ့တင် ငါ တော်တော်စိတ်ဒုက္ခ
ရောက်နေတာ~~သူ့မောင်ကိုပါ ထပ်ကြည့်ခိုင်းနေတာ
လား~~~ "" Mommy !! "
"မပြောနဲ့ !! နင့်ပါးစပ်ပိတ်ထား ~~"
Bank ကို ပြောပြီး တံခါးပိတ်ထွက်ကာ ပြန်ထွက်သွား
သော မိခင်ကြောင့် Bank တစ်ယောက် ကိုယ့်ကိုကိုယ်
အားမရဖြစ်ကာသာ ကြုံးကာ အော်မိတော့သည်။တစ်ခုခု
တော့ လုပ်မှ ဖြစ်တော့မည်။ ဘယ်နည်းနဲ့မှ မ ကို အဆုံး
ရှုံး မခံနိုင်တော့တာမို့။
ESTÁS LEYENDO
ရင်ခုန်သံလေးစည်းချက်ညီ💙The rhythmic heartbeat💙(cp)
Fanficကျွန်တော့်ရဲ့ရင်ခုန်သံတိုင်းဟာ သူကြောင့်ဖြစ် တည်တာပါ ။ သူမဟုတ်ရင် ကျွန်တော့်ရင်ခုန်သံ တိုင်းက စည်းချက်မကျပါဘူး 💙